ပန်းတနော်မြို့နယ်တွင် မီးဘေးလုံခြုံရေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်းများဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတနော်မြို့နယ်တွင် မီးဘေးလုံခြုံရေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်းများဆောင်ရွက်

 



ပန်းတနော်  ၊ ဇူလိုင် ၃


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ကွက်သစ်ရပ်ကွက်၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ MAX Energy စက်သုံးဆီ အရောင်းဆိုင်တွင် မီးဘေးလုံခြုံရေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်းများကို ဇူလိုင်လ ၁ ရက်နေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့်  မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦးက စက်သုံးဆီဆိုင်ရှိ ဝန်ထမ်းများကို မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ အသိပညာများ ဟောပြောခြင်း၊ မီးလောင်မှုဖြစ်ပွားလာပါက လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရေးနှင့် အနီးပတ်ဝန်းကျင်ကို မီးကူးစက်ခြင်းမရှိစေရေးအတွက် အအေးပေးစနစ်ဖြင့် အပူချိန်လျှော့ချခြင်းအား ဆောင်ရွက်ခဲ့သည်။


ဆက်လက်၍ မြို့နယ်မီးသတ်စခန်းမှူး ဦးဇေဇေအောင်က မီးသတ်ဆေးဘူး အသုံးပြုနည်းများအား ရှင်းလင်းပြသခြင်းများ ဆောင်ရွက်ခဲ့ပြီး DCP မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ Foam ဆေးရည်အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်ယာဥ်များဖြင့် ရေဖြန်းပက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး မီးဘေးသတိပေး လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြသည်။ ပန်းတနော်မြို့နယ်မီးသတ်ဦးစီးဌာနမှ သာသနိက အဆောက် အအုံများ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ စက်သုံးဆီအရောင်းဆိုင်များ၊ စျေးများ၊ စာသင်ကျောင်းများ၊ စက်ရုံအလုပ်ရုံများ၊ တည်းခိုခန်းများ၊ လူနေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)