ရန်ကုန်တိုင်းဒေသကြီးအတွင်း Tax Rate တိုးမြှင့်ခြင်းမရှိဘဲ Tax Area ချဲ့ထွင်နိုင်ရေး၊ အခွန်တိမ်းရှောင်မှုများ မရှိစေရေး၊ ရသင့်ရထိုက်သည့် အခွန်အကောက်များရရှိစေရေး၊ Tax to GDP တိုးတက်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအတွင်း Tax Rate တိုးမြှင့်ခြင်းမရှိဘဲ Tax Area ချဲ့ထွင်နိုင်ရေး၊ အခွန်တိမ်းရှောင်မှုများ မရှိစေရေး၊ ရသင့်ရထိုက်သည့် အခွန်အကောက်များရရှိစေရေး၊ Tax to GDP တိုးတက်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


အင်းစိန်၊ ဇူလိုင် ၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း Tax Rate တိုးမြှင့်ခြင်းမရှိဘဲ Tax Area ချဲ့ထွင်နိုင်ရေး၊ အခွန်တိမ်းရှောင်မှုများမရှိစေရေး၊ ရသင့်ရထိုက်သည့် အခွန်အကောက်များ ဥပဒေနှင့်အညီရရှိစေရေး၊ Tax to GDP တိုးတက်စေရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ(၃)တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ အခွန်အကောက်တိုးတက်စေရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများက စီမံကြီးကြပ်ကောက်ခံသည့် အခွန်အကောက်များဖြစ်သော်လည်း တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ရသင့်ရခိုက်သည့် အခွန်အကောက်များ ပြည့်ဝစွာရရှိရေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စီမံကြီးကြပ်ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်းနှင့် အခွန်ထမ်းပြည်သူများအား ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် အခွန်နှုန်းထားများအား တိုးမြှင့်ခြင်းမရှိဘဲ အခွန်အရင်းအမြစ်များကိုသာ ကျယ်ပြန့်အောင် တိုးတက်ဆောင်ရွက်စေခြင်းဖြင့် အခွန်ရငွေများ တိုးတက်ရရှိရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန် စသည်တို့ကို ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အခွန်လျာထားချက် ပြည့်မီရရှိနိုင်ရေးအပြင် ထပ်မံတိုးတက်ရရှိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးက ပြည်ထောင်စုနှင့် တိုင်းဒေသကြီးမှ ကောက်ခံနေသည့် အခွန်အကောက်ရငွေ လျာထားချက်များနှင့် ကောက်ခံရရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြကာ အခွန်အကောက်ခံသည့်ဌာန၊ အဖွဲ့စည်းများမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လျာထားချက်အခြေအနေနှင့် အခွန်တိုးတက်ရရှိရေးအတွက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာသည့် တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ဇွဲထက်ကို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)