ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်စုပေါင်းရုံး အဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်‌ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်စုပေါင်းရုံး အဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်‌




ကျုံပျော် ၊  ဇူလိုင် ၇


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇူလိုင် ၅ ရက်က ကျုံပျော်ခရိုင် စုပေါင်းရုံး အဆောက်အဦသစ်အား တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျုံပျော်ခရိုင် စုပေါင်းရုံး အဆောက်အဦသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာပက်ဖျန်းပေးကြကာ ရုံးအဆောက်အဦအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ယင်းနောက် စုပေါင်းရုံးရှေ့တွင် ဖွင့်ပွဲအထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပေးကြကာ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး   ဧည့်သည်တော်မှတ်တမ်းတွင် အမှတ်တရလက်မှတ် ရေးထိုးခဲ့သည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအား စုပေါင်းရုံးခန်းမအတွင်း ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး၊ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများထံသို့ ဖွင့်ပွဲအထိမ်းအမှတ်အလံနှင့်ခရိုင်စုပေါင်းရုံး RCC ၃ ထပ် အဆောက်အဦနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား “နက်နဲသိမ်မွေ့သောကုမ္ပဏီလီမိတက်”မှ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆက်လက်၍ ကျုံပျော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျှပ်စစ်မီးအချိန်ပြည့် အသုံးပြုနိုင်ရေးအတွက် ရွှေစပါးမြန်မာ ကုမ္ပဏီလီမိတက်မှ ကျပ်သိန်း ၂၀၀ တန်ဖိုးရှိ ဆိုလာ ၆ ကီလိုဝပ် ၂ လုံး တပ်ဆင်လှူဒါန်းမှုအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး မြို့မိမြို့ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စုပေါင်းရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားအား အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)