လဲချားမြို့နယ် သီရိမင်္ဂလာဓမ္မစကူးလ်(ပဉ္စမကြိမ်မြောက်) ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လဲချားမြို့နယ် သီရိမင်္ဂလာဓမ္မစကူးလ်(ပဉ္စမကြိမ်မြောက်) ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

 



လဲချား  ၊ ဇူလိုင် ၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် သီရိမင်္ဂလာဓမ္မစကူးလ် (ပဉ္စမကြိမ်မြောက်) ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါသင်တန်းကျောင်း၌ ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုကာ ကျောင်းသား/ကျောင်းသူမှာက ဓမ္မစကူလ်းအဓိဌာန် (၃)ချက်အားလည်းကောင်း၊ ဇာတိမာန်သီချင်းအားလည်းကောင်း သံပြိုင်ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲထွန်းဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျနှင့် ဓမ္မစကူးလ် သင်တန်းကျောင်း အတွင်းရေးမှူးနှစ်ဦးတို့ဖြင့် ခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးက အမှာစကားပြောကြားကာ ဓမ္မစကူးလ်ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကျောင်းအတွင်းရေးမှူး ဦးဝင်းမော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါသည်။

ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက်နေ့မှ စတင်၍ဖွင့်လှစ်သော အဆိုပါ သီရိမင်္ဂလာဓမ္မစကူးလ် (ပဉ္စမကြိမ်မြောက်) ဗုဒ္ဓဘာသာယဉ်ယဉ်ကျေးလိမ္မာသင်တန်းကို ကျောင်းသား/ကျောင်းသူ (၂၅၀) ဦးဖြင့် တပို့တွဲလဆန်းအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဓမ္မစကူးလ်ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကျောင်း အတွင်းရေးမှူးထံမှ သိရှိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)