ကျောက်ဆည်မြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်




ကျောက်ဆည် ၊  ဇူလိုင် ၁၀


လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ စီးနှင်းသွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းကို ကျောက်ဆည်မြို့နယ်အတွင်း မြို့ဝင်/မြို့ထွက်နေရာများနှင့် လမ်းဆုံလမ်းခွများတွင် ယနေ့နံနက် (၉) နာရီက စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထို့သို့စစ်ဆေးရာတွင် ကျောက်ဆည်မြို့နယ် လုံခြုံရေးအရာရှိ ဗိုလ်မှူးဟိန်းကိုကိုလတ်နှင့်တပ်ဖွဲ့ဝင်များ၊ ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးရွှေစင်ဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ် (၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်မိုးကျော်စိုးနှင့်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကျောက်ဆည်မြို့နယ်အတွင်း မောင်တော်ယာဉ် လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များပြည့်စုံမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။


အောင်ပိုင်ပိုင်ကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)