မြစ်သားမြို့နယ်တွင် မိုးဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်သားမြို့နယ်တွင် မိုးဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း



မြစ်သား  ၊ ဇူလိုင် ၁၀


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စားယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး ဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ တောင်တောကုန်းကျေးရွာရှိ တောင်တောကုန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်သမဝါယမအသင်း၊ အသင်းသားတောင်သူ ဦးသန်းရွှေ၏ ကွင်းအမှတ် (၅၄၉) /က၊ ဦးပိုင်အမှတ် ၂၃/၂ ရှိ စိုက်ဧက (၃.၀၀) ဧကနှင့် အသင်းသားတောင်သူ ဦးလှမင်း၏  အမှတ် ၅၅၀၊ ဦးပိုင်အမှတ် (၆၁/၂)ရှိ စိုက်ဧက (၄.၅) ဧကတို့တွင် Rakka 666 BT မျိုး မိုးဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို ယမန်နေ့နံနက်ပိုင်းက ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ကြည့်ရှု့စစ်ဆေးရာတွင် မြစ်သားမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိက တောင်သူဦးကြီးများ အားသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မှီစိုက်ပျိုး နည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လေ့လာကျင့်သုံးစိုက်ပျိုးထုတ်လုပ်ရန် လိုအပ်‌ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးမြေများကို ပြုပြင်ပြီး မျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးပေးရန်လိုအပ်ကြောင်း၊ ရေရရှိ‌ရေးနှင့်နည်းပညာများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ပျိုးထားသည့် မိုးဝါစိုက်ခင်းများအား  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကြည့်ရှု့စစ်ဆေးရာသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများနှင့် ဒေသခံအသင်းသား၊ တောင်သူများ ကြည့်ရှုခဲ့ကြောင်း သိရသည်။


ဝါဝါမြင့်(မြစ်သား)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)