ရွှေတောင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ





ရွှေတောင်၊ ဇူလိုင် ၁၀

မျိုးဆက်သစ် ကျောင်းသားကျောင်းသူ လူငယ်များ အသိပညာ ဗဟုသုတရရှိ စေရန်နှင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်၍  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ၊အမက ကြာနီကန် ကျောင်း တွင် ယနေ့ ၊နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကလေးအလုပ်သမား ပ ပျောက် ရေး အသိပညာပေး ဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် အမက (ကြာနီကန်) ကျောင်းမှ  ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာခြည်ဝင်း က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ ကျောင်းသူများအား ကလေးအလုပ်သမား၏ အဓိပ္ပာယ် ၊ ကလေးတစ်ယောက် ၏ အလုပ်လုပ်နိုင်သည့် အသက်အရွယ်နှင့် ဥပ ဒေပါအကြောင်းအရာများကိုလည်းကောင်း၊ အာဇာနည်၏ အဓိပ္ပာယ်နှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ စသည့် အကြောင်းအရာများကိုရှင်းလင်း ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်က ခွေးရူးပြန်ရောဂါအကြောင်း၊သုံးစွဲရန်မသင့်သည့် တိုင်းရင်း ဆေးဝါးများနှင့် တိုင်းရင်းဆေးပညာ၏ အသုံးဝင်ပုံအကြောင်းတို့ကိုဆွေးနွေးဟောပြောခဲ့သည်။

ယင်းနောက် စားသုံးသူ ရေးရာဦးစီးဌာန၊ ဒု-ဦးစီးမှူး   ဒေါ်ဇင်မာချောစုကြည်က ဆိုးဆေးများအ‌ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်းကို  လည်းကောင်း အသီးသီး ဟောပြောခဲ့ပြီး ပြန်/ဆက်ဦးစီးဌာနမှ ဒေါ်ရွှေဝတ်ရည်တိုးက "အစာမစားတဲ့ဇနီး" ခေါင်းစဉ်ဖြင့် ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောခြင်းကို ဆောင်ရွက်ခဲ့သည်။ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များပြသခြင်း ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)