မြောက်ဥက္ကလာပမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပပြုလုပ်






မြောက်ဥက္ကလာပ၊ ဇူလိုင်  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာ‌ဦးစီးဌာနပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေ ဗဟုသုတများဖတ်ရှုပြီး အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်ကာ  စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ပြိုင်ပွဲများကို ယနေ့နံနက်  ၉ နာရီက အမှတ် (၄၀) အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ (တာ၀န်ခံ)ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုးက စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု ၊ ကဗျာရွတ်ပြိုင်ပွဲများဆောင်ရွက်ရခြင်းရည်ရွယ်ချက်များ နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများ အား ပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်း၀င်းဇော်က ၂၀၂၅ ခုနှစ် ၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် အာ ဇာ နည်နေ့အကြို  အဖြစ်ကျင်းပပြုလုပ်သော ကဗျာရွတ်ပြိုင်ပွဲတွင် ပြိုင်ပွဲစည်းမျဉ်း ၊ စည်းကမ်းများအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကဗျာရွတ် ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အမှတ် (၄၀) အခြေခံပညာ မူလတန်းကျောင်းရှိ Grade-5 နှင့် Grade-4 အတန်းများမှ ကျောင်း သားလေးများက "အောင်ဆန်းဇာနည်"ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဖတ်ခဲ့ကြပြီး ‌ဂိမ်းကစားနည်းပြိုင်ပွဲများ ဆက်လက် ကျင်းပရာ Kgမှ Grade-3 ထိ ကျောင်းသား၊ ကျောင်းသူလေးများက  ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး  ဆုရရှိသူများကို  တာ၀န်ရှိသူများက ဆုများ အသီး သီး ချီးမြှင့်‌ ပေးခဲ့ကြသည်။ ယင်း‌ နောက် အခမ်းအနား တက်ရောက်လာကြ သောကျောင်းသား၊ ကျောင်းသူလေး များအား မိခင် နှင့် ကလေး စောင့်ရှောက်ရေး အသင်းမှ အမှတ်တရ လက်ဆောင်များ ပေးအပ်ကြရာ အမှတ်(၄၀) အခြေခံပညာ မူလတန်း ကျောင်း အုပ်ဆရာမကြီး ဒေါ်ချောချော၀င်းက ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခင်းကျင်းပြသထားသော ၂၀၂၅ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ အကြို အသိပညာပေးနံရံကပ် ဗီနိုင်း ၊ ပိုစတာ ၊ စာအုပ် စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)