မြဝတီမြို့၌ မြေငလျင်ဘေးအန္တရာယ်အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ မြေငလျင်ဘေးအန္တရာယ်အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ





မြဝတီ ၊ ဇူလိုင် ၁၀


ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ မြေငလျင်ဘေးအန္တရာယ် အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ရွှေမြင်းဝန်ဘုရားကြီး မြောက်ဘက်မုဒ်၌ ယနေ့နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့သည်။


အဆိုပါ မြေငလျင်ဘေးအန္တရာယ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းကို မြဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌ဇော်မော်အောင်၊ မြို့နယ်စီမံအဖွဲ့ဝင်-၁ ဗိုလ်မှူးညီညီလွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်နှင့် တာဝန်ရှိသူတို့က မြေငလျင်ဘေးအန္တရာယ် အသိပညာပေးမြေစိုက်ပိုစတာကို စိုက်ထူခဲ့ကြပြီး မြေငလျင်သည် အချိန်မရွေး ဖြစ်ပွားနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်သည့်အတွက် သတိပြုရန်အချက်များ မြေငလျင်လှုပ်နေစဉ် အဆောက်အအုံအတွင်းနှင့် အဆောက်အအုံ ပြင်ပတွင်ရှိပါက ဆောင်ရန်/ ရှောင်ရန်အချက်များ ပါဝင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)