မန္တလေးငလျင်ကြီးကြောင့် မြေညီထပ်အခန်းများပျက်စီးခဲ့သည့် ကျန်းမာရေးဝန်ထမ်း မိသားစုများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးငလျင်ကြီးကြောင့် မြေညီထပ်အခန်းများပျက်စီးခဲ့သည့် ကျန်းမာရေးဝန်ထမ်း မိသားစုများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ





နေပြည်တော်၊ ဇူလိုင် ၁၀

ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများအနက် နေပြည်တော်ကောင်စီနယ်မြေ၌ မန္တလေးငလျင်ကြီးကြောင့် မြေညီထပ်အခန်းများပျက်စီးခဲ့သည့် ကျန်းမာရေးဝန်ထမ်းမိသားစုများ အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ၈-၇-၂၀၂၅ ရက်နေ့က နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဦးစီးဌာနအသီးသီးမှ ငလျင်ဒဏ်ကြောင့် မြေညီထပ်အခန်းများပျက်စီးခဲ့သည့် ဝန်ထမ်းများတက်ရောက်ကြသည်။

အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ယနေ့အခမ်းအနားသည် မန္တလေးငလျင်ကြီးကြောင့် မြေညီထပ်အခန်းများ ပျက်စီးခဲ့သည့် ဝန်ထမ်းမိသားစုများအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဝန်ထမ်းများ၏ ပုံမှန် နေ့စဉ် လူနေမှုဘဝကိုအတိုင်းအတာတစ်ခုအဖြစ် ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများဖြစ်သော ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက်၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်ရေနွေးအိုး၊ လျှပ်စစ်ဟင်းချက်အိုးနှင့် လျှပ်စစ်မီးပူတို့ကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက နေပြည်တော်ကောင်စီနယ်မြေရှိ မြေညီထပ်အခန်းများပျက်စီးခဲ့သည့် ကျန်းမာရေးဝန်ထမ်းမိသားစု ၄၄ စု ကို အိမ်သုံးလျှပ်စစ်ပစ္စည်းများဖြစ်သည့် ရေခဲသေတ္တာ ၄၄ လုံး၊ ရုပ်မြင်သံကြားစက် ၄၄ လုံး၊ ထမင်းပေါင်းအိုး ၄၄ လုံး၊ လျှပ်စစ်ရေနွေးအိုး ၄၄ လုံး၊ လျှပ်စစ်ဟင်းချက် အိုး ၄၄ လုံးနှင့် လျှပ်စစ်မီးပူ ၄၄ လုံးတို့ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။

အခမ်းအနားတွင် မန္တလေးငလျင်ကြီးကြောင့် မြေညီထပ်အခန်းများပျက်စီးခဲ့သည့် ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစု ၄၄ ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည့် အဆိုပါ အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ဝန်ထမ်းမိသားစုများ ယာယီနေထိုင်သည့်နေရာများသို့ စနစ်တကျပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)