နောင်ချိုမြိုအနီး၊ လားရှိး-မန္တလေးလမ်းပိုင်းရှိ TNLA/PDF အကြမ်းဖက်စခန်းကို တပ်မတော်က ယနေ့ ဇွန်လ ၁၀ရက်နေ့၌ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
တပ်မတော် စစ်ကြောင်းများသည် နောင်ချိုမြိုအနီးကို ရောက်ရှိနေပြီ ဖြစ်သည်။ နောင်ချိုမြို့နယ်အတွင်း TNLA/PDF အကြမ်းဖက်စခန်းများကို အောင်မြင်စွာ နှိမ်နင်းပြီး နောင်ချိုမြို့တွင်းရှိ အကြမ်းဖက်အဖွဲ့များကို ဆက်လက်ရှင်းလင်း ဆောင်ရွက်ရမည်ဖြစ်သည်။
တပ်မတော်အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည့် TNLA/PDF အကြမ်းဖက်အဖွဲ့များကို နောင်ချိုမြို့နယ်တွင်သာမက ကျောက်မဲ၊ မိုးကုတ်တို့တွင်လည်း ရှင်းလင်းနေရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment