နောင်ချိုမြို့နယ် (ပွိင့်-၈၃၄) အကြမ်းဖက်သမားများ၏ စခန်းကုန်းအား စီးနင်းသိမ်းပိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ် (ပွိင့်-၈၃၄) အကြမ်းဖက်သမားများ၏ စခန်းကုန်းအား စီးနင်းသိမ်းပိုက်



နောင်ချိုမြို့ကို ချီတက်ရှင်းလင်းနေသည့် နေဝန်းနီသူရဲကောင်း စစ်ကြောင်း(၂)သည် ဇူလိုင် ၁ ရက် မွန်းလွဲအချိန်ခန့်တွင် ခံစစ်ဆင်ပစ်ခတ်နေသည့် အကြမ်းဖက်သူပုန်စခန်းကုန်း ပွိင့်-၈၃၄ အား တပ်မတော်သားများထိခိုက်မှု မရှိဘဲ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ 

စခန်းကုန်းအား ရှင်းလင်းစဉ် TNLA အကြမ်းဖက်သူပုန်အဖွဲ့သည် ခုခံပစ်ခတ်ခြင်းမရှိဘဲ ၎င်းတို့ ပလောင်အလောင်းများအား ဆွဲယူထွက်ပြေးသွားပြီး DPLA အဖွဲ့ကို ထားရစ်ခဲ့ပြီးထွက်ပြေးသွားခဲ့ကြောင်း၊ ဖြစ်စဉ်တွင် အကြမ်းဖက် DPLA ၆ လောင်း၊ Type-81 သေနတ် ၃ လက်၊ ကျည်အိမ်/ကျည်ဆန်များ၊ ပစ်ကျင်း/ဘန်ကာများ သိမ်းပိုက်ရရှိခဲ့ပြီး အောင်မြေချဲ့ရှင်းလင်းနေဆဲဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂ ရက်ခန့်က ရန်သူခံစစ်ဆင်ထားသည့် လွယ်ပါလ အကျဉ်းထောင်(ဟောင်း)ကိုလည်း အဆိုပါစစ်ကြောင်းက သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)