ကျွန်တော်တို့သည် မြစ်ကြီးနားသို့ ကုန်စုံ၊ ကုန်ခြောက်၊ မုန့်မျိုးစုံတို့ကို သယ်ယူပို့ဆောင်နေသော ယာဉ်မောင်း၊ ယာဉ်လုပ်သားများဖြစ်ကြပါသည်။ နန့်စီးအောင် လမ်းဂိတ်သည် ယခုနှစ် (၁.၄.၂၀၂၅)မှ စတင်၍ ယနေ့(၇)လပိုင်းထိတိုင် ကားများအား အခြားသောဂိတ်များကဲ့သို့ ညှာတာထောက်ထားမှုမရှိဘဲ ကုန်စုံ၊ ကုန်ခြောက်၊ မုန့်မျိုးစုံကားများအား ကတ္တားကြီးတပ်ဆင်မှုမရှိဘဲ စိတ်ထင်သလို လက်လွတ်စပယ်ကောက်ခံနေပါသည်။ ထို့ကြောင့် ကျွန်တော်တို့ကားသမားများမှ ကတ္တားပေါ်တက်၍ ချိန်တွယ်ပြီးမှ ကျသင့်ငွေပေးဆောင်ပါမည်ဟု ဆိုပါသော်လည်း ကတ္တားမရှိ၍ မချိန်တွယ်ရပဲ မျက်မှန်းလက်တန်း မတရားတောင်းခံနေပါသည်။
လမ်းဦးစီးဌာန လေလံလုပ်ကိုင်ခွင့်စာချုပ်၏ လေလံအသုံးပြုကောက်ခံပုံနည်းစနစ်နှင့် အထွေထွေစည်းကမ်းလမ်းအသုံးပြုခကောက်ခံသည့် ဂိတ်တွင် ကတ္တားကို မဖြစ်မနေတပ်ဆင်ရမည်ဆိုသည့် စည်းကမ်း ချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်၍လည်းကောင်း၊ ကတ္တားမချိန်တွယ်ဘဲ သတ်မှတ် နှုန်းထားထက် ပိုမိုကာ မမှန်မကမန် ကောက်ခံနေမှုများကြောင့် ကားသမားများအနေဖြင့် များစွာ နစ်နာရပါသည်။
နိုင်ငံတော်မှ သတ်မှတ်ထားသည့် ကောက်ခံနှုန်းထားများထက် ပိုမိုကောက်ခံကြောင်း စစ်ဆေးတွေ့ရှိပါက လမ်းနှင့်တံတား အသုံးပြုခြင်းဆိုင်ရာ ဥပဒေအရ တာဝန်ရှိသူများအနေဖြင့် အရေးယူဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။
နန့်စီးအောင်လမ်း အသုံးပြုခကောက်ခံရေးဂိတ်တွင် ကတ္တားမရှိခြင်း၊ ကတ္တာချိန်တွယ်မှုမရှိဘဲ ငွေကြေးပမာဏ ကောက်ခံချင်သလို ကောက်ခံနေခြင်း၊ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံခြင်းတို့အား ကချင်ပြည်နယ် လမ်းဦးစီးဌာနမှ ကြပ်မတ်ဆောင်ရွက်ခြင်းမရှိသောကြောင့် ကျွန်တော်တို့ ကားသမားများမှာ များစွာ နစ်နာနေရပါသည်။
သို့ပါ၍ နန့်စီးအောင် လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ သတ်မှတ်စည်းကမ်းချက်များကို တိကျစွာလိုက်နာမှုမရှိဘဲ ဆန့်ကျင်ဆောင်ရွက်နေများမှုအပေါ် တာဝန်ရှိသူများအနေဖြင့် လိုအပ်သလိုအရေးယူပေးနိုင်ပါရန် လေးစားစွာဖြင့် တိုင်ကြားအပ်ပါသည်။
မော်တော်ယာဉ်လုပ်သားများ
(မှတ်ချက် - ယခင်က ကတ္တားချိန်တွယ်၍ ကောက်ခံခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ကတ္တားမထားရှိဘဲ လမ်းအသုံးပြုခ ကောက်ခံနေခြင်းဖြစ်ကြောင်း၊ နန့်စီးအောင်လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်မှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ သတ်မှတ်ချက်များအား လိုက်နာမှုမရှိပဲ ငွေကြေးအဆမတန်ကော်ခံနေမှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ယာဉ်လုပ်သားများက တင်ပြတိုင်ကြားထားသည်။)
https://t.me/MyanmarNationalPost
No comments:
Post a Comment