နောင်တဆိုတာ တွေ့ကြုံခံစားပြီးတဲ့ အဖြစ်သနစ်အပေါ် ပြန်လည်ဝေဖန်ဆန်းစစ်ခြင်း ဖြစ်ပါတယ်။ အမှားကိုသိပြီး အမှန်ပြင်တဲ့ နောင်တမျိုးဟာ ကောင်းသော နောင်တ၊ မှားမှန်းသိလျက်နဲ့ ဇွတ်မိုက်နေမယ်ဆိုတာကတော့ အမှန်ကို မြင်နိုင်စွမ်းမရှိတဲ့ နောင်တလို့ ဆိုရပါလိမ့်မယ်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေနဲ့က ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို နားယောင်ပြီး PDF အပါအဝင် အကြမ်းဖက်အဖွဲ့များထဲ ရောက်နေတဲ့ လူငယ်တွေကို အသိမှန် အမြင်မှန်ရပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ ယခုတိအောင်လည်း လမ်းဖွင့်ပေးထားဆဲပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ သဘောထားကတော့ လူသားအရင်းအမြစ်များ မဆုံးရှုံးစေဖို့၊ တိုင်းပြုပြည်ပြု လုပ်ငန်းများမှာ အားလုံးပူးပေါင်းပါဝင်နိုင်စေဖို့ PDF အပါအဝင် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များထဲ ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ ဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်။
နောင်ချိုမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်ပြီး နောက်ပိုင်း အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter - Terrorism Operation) များတွင် အောင်မြင်မှုများ ရရှိကာ သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လာခဲ့ခြင်း နီးစပ်ရာနယ်မြေခံများကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များ အနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ တပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့ပြီး ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်လျက်ရှိပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်အထိ TNLA အဖွဲ့ဝင် ၄ ဦး ၊ DPLA အဖွဲ့ဝင် ၄၁ ဦး နှင့် MDY-PDF အဖွဲ့ဝင် ၅၂ ဦး၊ စုစုပေါင်း ၉၇ ဦးတို့သည် လက်နက်မျိုးစုံ ၁၃ လက်၊ ကျည်မျိုးစုံ ၁၅၁၅ တောင့်၊ ကျည်အိမ် ၁၂ ခုနှင့်အတူ ပြန်လည်ဝင်ရောက် လာခဲ့ပါတယ်။
၂၉-၇-၂၀၂၅ ရက်နေ့ကလည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ DPLA အဖွဲ့ဝင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး၊ MDY-PDF အဖွဲ့မှ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၂ ဦး၊ ရွာငံ PDF အဖွဲ့မှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၂၁ ဦးတို့သည် Zoraki အမျိုးအစား ပစ္စတို ၁ လက်နှင့်အတူ ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်လိုခြင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည် လက်ခံလာခြင်းများကြောင့် ဥပဒေဘောင်အတွင်းကို ပြန်လည်ဝင်ရောက်လာခဲ့ရာ ၎င်းတို့ကို တာဝန်ရှိသူများက ပြန်လည်လက်ခံပြီး ချီးမြှင့်ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲပြောင်း အပ်နှံပေးခဲ့ပါတယ်။
စာရေးသူအနေနဲ့ အများပြည်သူကို ရှင်းရှင်းလင်းလင်း သိမြင်နားလည်စေလိုတာက TNLA, DPLA, PDF အစရှိသော အကြမ်းဖက်အဖွဲ့တွေထဲ ရောက်ရှိသွားတဲ့ လူငယ်တွေ ဘယ်လို တွေ့ကြုံခံစားခဲ့ရသလဲဆိုတာကို ရှင်းလင်းစွာ သိမြင်နားလည်စေလိုခြင်း ဖြစ်ပါတယ်။
ဥပဒေဘောင်အတွင်း ဝင်ရောက်လာတဲ့ DPLF/DPLA အကြမ်းဖက်အဖွဲ့ထဲရောက်ရှိသွားသူ အမျိုးသားတစ်ဦးက "ကျွန်တော်ကတော့ DPLF/DPLA အကြမ်းဖက် အဖွဲ့အစည်းကနေပြီးတော့ အလင်းဝင် ရောက်လာတဲ့သူဖြစ်ပါတယ်။ ဒီအကြမ်းဖက်အဖွဲ့အစည်းကို မဝင်ရောက်ခင်အချိန်မှာ ကျွန်တော်က ဒီပင်းတယမြို့မှာပဲ မိသားစုရဲ့လုပ်ငန်းဖြစ်တဲ့ တိုင်းရင်းဆေးဝါးရောင်းဝယ်ရေး လုပ်ငန်းကို ကူညီလုပ်ကိုင်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေမှာ စိတ်ပါဝင်စားမှု မရှိခဲ့ပေမယ့် လူငယ်တစ်ယောက် 88 Social Network သုံးစွဲတာတွေနဲ့ အဲဒီအထဲကို ကြိုတင်ရောက်နှင့်ပြီးသား သူငယ်ချင်းတစ်ယောက်က ဆွဲဆောင်မှုကြောင့် အဲဒီအကြမ်းဖက်အဖွဲ့အစည်းထဲ ရောက်ရှိသွားတာဖြစ်ပါတယ်။ ကျွန်တော် အဲဒီအကြမ်းဖက် အဖွဲ့အစည်းကို ကျောက်မဲမြို့ ခွန်ကော်ကျေးရွာမှာ သင်တန်း(၃)လ တက်ပြီးတာနဲ့ ကျွန်တော်က (၁၀)တန်းအောင်မြင်ထားတဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် KIA/ KPDF/ NUG က ဦးစီးဖွင့်လှစ်ထားတဲ့ ဆေးသင်တန်းကို ကျွန်တော်(၃)လ တက်ရောက်ခဲ့ရပါတယ်။ အဲဒီ(၃)လ ကျွန်တော် တက်ရောက်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ နောင်ချိုမြို့ ပါဟက်ရပ်ကွက်ထဲမှာ ဒီအကြမ်းဖက်အဖွဲ့ထဲက ထိခိုက်ဒဏ်ရာ ရရှိလာတဲ့သူတွေကို ကုသပေးနေတဲ့ CDM ဆေးဆရာဝန်နဲ့အတူ ကျွန်တော်ဆေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ရပါတယ်။ ဆေးမှူးတာဝန် ကိုပဲ ထမ်းဆောင်ရတာဖြစ်တဲ့အတွက် အခွန်ငွေကောက်ခံတဲ့ကိစ္စတွေ၊ တစ်ချို့သောကိစ္စတွေ ကို ကျွန်တော်သေချာမသိပါဘူး။ ဒီအတင်းအဓမ္မ လူသစ်စုဆောင်းတဲ့ ကိစ္စတွေကိုတော့ ကျွန်တော် တချို့သိခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ လူသစ်စုဆောင်းလာတဲ့ အထဲမှာ လူသစ်စုဆောင်းလာတဲ့လူတွေကို နေရာထားတာ မလုံလောက်လို့ ကျွန်တော့်ဆေးခန်းမှာ လာထားတဲ့အတွက် ကျွန်တော် သိရှိခဲ့ရတာဖြစ်ပါတယ်။ အဲဒီလူသစ်စုဆောင်းတဲ့ အချိန်မှာလည်း ရွာတွေကိုဝိုင်းပြီးတော့ ကျည်တွေဖောက်ပြီးတော့ တစ်အိမ်တက်၊ တစ်အိမ်ဆင်း လူသစ်ဆွဲတာတွေဖြစ်တယ်။ ရှေ့တန်းစစ်မျက်နှာပြင်မှာဆိုရင်လည်း ဒီအကြမ်းဖက် အဖွဲ့အစည်းမှာ အထက်လူကြီး တွေက အောက်လက်ငယ်သားတွေကို အနိုင်ကျင့်တာတွေ၊ သူတို့ကျတော့ အဆင်ပြေပြေနေ ပြီးတော့ အောက်ကလူတွေကို အတင်းတိုက်ခိုင်းတာတွေ၊ ခံစစ်မှာဆိုရင်လည်း အတင်းခံစစ်ပြင်ခိုင်းတာတွေရှိတယ်။ အဲဒီလိုမျိုးတွေလည်း ကျွန်တော့် ဆီရောက်လာတဲ့ ထိခိုက်ဒဏ်ရာရလာတဲ့သူတွေဆီကတဆင့် ကျွန်တော်ပြန်ကြားရတာ ဖြစ်တယ်။ သူတို့ရဲ့ ဖိအားပေးမှုတွေကြောင့် တစ်ချို့ ကျွန်တော်တို့ ဒီတောထဲဝင်တဲ့ အကြမ်းဖက်အဖွဲ့အစည်းက သူငယ်ချင်းတွေလည်း ကိုယ့်ကိုယ်ကို သတ်သေသွားတာ တွေလည်း အများကြီးရှိတယ်။ အဲဒီလိုကိစ္စတွေကြားတဲ့အတွက် ကျွန်တော်က အလင်းဝင်ရောက်ဖို့ စဉ်းစားတယ်။ ဒါပေမယ့် အလင်းဝင်ရောက်ဖို့လုပ်တဲ့ အချိန်မှာလည်း သံသယတော့ရှိမိတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီဘက်မှာ ဝါဒဖြန့်ထားတာက တပ်မတော်ဘက်က ကျွန်တော်တို့ အလင်းဝင်ရောက်တဲ့သူတွေကို ဖမ်းဆီးတယ်၊ ရိုက်နှက်တယ်၊ သတ်ဖြတ်တယ်၊ ထောင်ချတယ် ဆိုပြီးတော့ ဝါဒဖြန့်ထားတယ်။ အဲဒီအတွက် စိုးရိမ်မှုတော့ရှိတယ်။ ဒါပေမယ့် ဟိုမှာနေပြီးတော့ အလကားသေမဲ့အစားတော့ ကျွန်တော်ဒီဘက်ကိုပဲ အလင်းဝင်ရောက်လိုက်မယ် ဆိုပြီးတော့ပဲ ဆုံးဖြတ်လိုက်တယ်။ အဓိက အလင်းဝင်ရတဲ့ အကြောင်းအရင်းက DPLA အကြမ်းဖက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်တွေ ကျတော့ ဓနုအမျိုးသားလွတ်မြောက်ရေး တပ်မတော်လို့ ထောင်ပြီးတော့ ဓနုပြည်သူတွေကို အဓမ္မဖမ်းဆီးတာတွေ၊ ငွေညှစ်တာတွေ၊ ပြီးတော့ အသက်မပြည့်သေးတဲ့သူတွေပါပါတယ်။ သူတို့တွေကိုပါ လူသစ်စုဆောင်း တာတွေရှိတယ်။ ပြီးတော့ အောက်လက်ငယ်သားတွေ ကိုလည်း အနိုင်ကျင့် ဖိနှိပ်တာတွေ၊ အရာရှိပိုင်းတွေပဲ အဆင်ပြေနေတာမျိုးတွေပဲ မြင်နေရတဲ့အတွက် ကျွန်တော် အလင်းဝင် ရခြင်းဖြစ်ပါတယ်။ အခုလိုမျိုး ကျွန်တော်အလင်းဝင် ရောက်ပြီးတော့ မိသားစုနဲ့ အတူတူပြန်လည်နေထိုင်တဲ့အချိန်မှာ ဒီတောထဲမှာ အတူတူ သင်တန်းတက်ရောက် ဖူးတဲ့သူတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ အကုန်လုံးကိုလည်း မိသားစုနဲ့ နွေးနွေးထွေးထွေးပြန်နေဖို့ တိုက်တွန်းချင်ပါတယ်။ တပ်မတော် နွေးနွေးထွေးထွေးကြိုဆိုနေပါတယ်။ အလင်းဝင်ရောက်တဲ့အချိန်မှာလည်း ကျွန်တော်တို့ကို ဟိုဘက်ကဝါဒဖြန့်ထားတာနဲ့ တစ်ခြားဆီဘဲဗျ။ ဘယ်လိုခေါ်မလဲဆိုတော့ နွေးနွေး ထွေးထွေးမိသားစုလိုမျိုး၊ ညီအစ်ကိုမောင်နှစ်မလိုမျိုးဆက်ဆံတယ်၊ ပြောဆိုတယ်၊ နေထိုင် ရတယ်။ အဲဒီအတွက်လည်း ကိုယ့်ကိုယ်ကိုယ် အလင်းဝင်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ဟိုဘက်မှာနေထိုင်ပြီးတော့ တောထဲမှာကျန်ခဲ့တဲ့သူငယ်ချင်းတွေ၊ အတင်းအဓမ္မ စုဆောင်း ခံရတဲ့ လူငယ်တွေ၊ လမ်းမှားနေတဲ့လူငယ်တွေအကုန်လုံးကို တပ်မတော်ဘက်က နွေးနွေး ထွေးထွေးကြိုဆိုနေပါတယ်လို့ ပြောချင်ပါတယ်။" လို့ ရင်ဖွင့်ထားပါတယ်။
ဒါက သူတို့ အသက်နဲ့ရင်းပြီး ကြုံတွေ့ခံစားခဲ့ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဓနုတိုင်းရင်းသားတွေကို အကြမ်းဖက်လှုပ်ရှားမှုအတွက် အသုံးချတယ်။ တပ်မတော်ဘက်က ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ ဖိတ်ခေါ်နေတာကို နားမယောင်စေဖို့ မဟုတ်မမှန် လုပ်ကြံဖန်တီးပြောဆိုမှုတွေနဲ့ ဝါဒဖြန့်ထားတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
အလားတူ PDF အဖွဲ့ဝင် အမျိုးသားတစ်ဦး က "ကျွန်တော်ကတော့ ဖယ်ခုံ PDF အကြမ်းဖက် ပျားစစ်ကြောင်းမှ အလင်းဝင်ရောက် လာသူဖြစ်ပါတယ်။ ကျွန်တော်အကြမ်းဖက်အဖွဲ့ထဲကို မဝင်ရောက်လာခင်မှာ ပင်လောင်းမြို့ နယ်၊ နမ့်ဖာမူကျေးရွာမှာ မိသားစုနှင့်အတူနေထိုင်ပြီး တောင်ယာလုပ် ကိုင်နေပါတယ်။ အဲဒီလိုနေရင်းနဲ့ ပအိုဝ်းရွာမှာနေတဲ့ ကျွန်တော့်သူငယ်ချင်းက သူတို့အဖွဲ့ အစည်းထဲ ဝင်ဖို့လာခေါ်တဲ့အချိန်မှာ ကျွန်တော့်အိမ်နဲ့ အဆင်မပြေဖြစ်နေတာကြောင့် ဝင်ရောက်ခဲ့ ခြင်းဖြစ်ပါတယ်။ ကျွန်တော်အကြမ်းဖက်သင်တန်းသုံးလကို ဖယ်ခုံမြို့နယ်၊ ဆင်ဖြူကျေးရွာ စာသင်ကျောင်း ကျောင်းဝင်းထဲမှာတက်ရောက်ကာ ဆင်ဖြူကျေးရွာစာသင် ကျောင်းဝန်း ထဲမှာဘဲအခြေချပြီးတော့ ဖယ်ခုံမြို့အရှေ့ဘက်အခြမ်း ရပ်ရွာတွေမှာ ဆက်လက် လှုပ်ရှားပြီးတော့ အကြမ်းဖက်ဝင်တပ်သား တာဝန်ကိုထမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ အကြမ်းဖက်ခေါင်းဆောင်ပိုင်းတွေမှာ ကယန်းလူမျိုး၊ ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပြီးတော့ တစ်ချို့လက်အောက်ငယ်သားတွေမှာ ဗုဒ္ဓဘာသာ ဗမာ၊ ပအိုဝ်းလူမျိုးတွေပါဝင်ခဲ့ပေမယ့် ဘာသာရေးအရ ခွဲခြားဆက်ဆံတာတွေ၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံတာတွေအပြင် တပ်မတော်နဲ့ တိုက်ခိုက်ရတဲ့အချိန်တွေမှာလည်း ဗမာ၊ ပအိုဝ်းလူမျိုးတွေကို ရှေ့တန်းကျကျ တိုက်ခိုက်ခိုင်းပြီးတော့ သူတို့ကယန်းလူမျိုးတွေကို ပိုပြီးအရေးပေး ဆက်ဆံတာကိုတွေ့ရပါတယ်။ ကျွန်တော်အကြမ်းဖက်အဖွဲ့ဝင်ထဲကို ဝင်တာကြာလာတဲ့အချိန်မှာတော့ ခေါင်းဆောင် ပိုင်းတွေရဲ့လုပ်ရပ်တွေကို ကျွန်တော်သိမြင်လာတဲ့အခါမှာ မိသားစုနဲ့ဘဲပြန်လည်နေထိုင်ဖို့ ကျွန်တော်စဉ်းစားဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အရင်ကကျွန်တော်ကြားသိထားတဲ့ တပ်မတော်ထံ အလင်းဝင်သွားတဲ့သူတွေကို တပ်မတော်က ညှင်းပန်နှိပ်စက်သတ်ဖြတ်မှု၊ ထောင်ချမှု စသည့် ဝါဒဖြန့်တာတွေကြောင့် ကျွန်တော်အလင်းဝင်ရောက်ဖို့ အဆင်ပြေ ပါ့မလားလို့ စိုးရိမ်စိတ်ဖြစ် မိပါတယ်။ ကျွန်တော်အဓိကအလင်းဝင်ရတဲ့ အကြောင်းအရင်း ကတော့ ကျွန်တော်အကြမ်းဖက်အဖွဲ့ထဲ ဝင်ရောက်လာတဲ့အချိန်က အိမ်နဲ့အဆင်မပြေ တာကြောင့် သူငယ်ချင်းခေါ်လို့ လိုက်ခဲ့တာဖြစ်ပါတယ်။ အမှန်တစ်ကယ်လက်နက်ကိုင် တိုက်ခိုက်ရေးလုပ်ငန်းတွေ လုပ်တဲ့အချိန်မှာတော့ အဖွဲ့ဝင်မှ ခေါင်းဆောင်ပိုင်းတွေက ဘာသာရေးအရ ခွဲခြားဆက်ဆံတာတွေ၊ လူမျိုးရေးအရ နှိမ့်ချဆက်ဆံတာတွေအပြင် တိုက်ပွဲမှာလည်း ကျွန်တော်တို့ပအိုဝ်းလူမျိုးတွေကိုဘဲ ပြန်တိုက်နေရတဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကို ဆက်လက်လုပ်ဆောင်ချင် စိတ်မရှိတော့ဘဲ အလင်းဝင်ရောက် ခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တပ်မတော်နဲ့ချိတ်ဆက်ပြီး အမှန်တစ်ကယ်ဝင် ရောက်တဲ့အချိန်မှာတော့ အရင်က ကျွန်တော်ကြားသိထားတဲ့ ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှု၊ ထောင်ချမှု သူတို့ဝါဒဖြန့်သလို မဟုတ်ပါဘူး။ ကျွန်တော် အလင်းဝင်ရောက်တဲ့အချိန်မှာတော့ တပ်မတော်မှတာဝန်ရှိသူတွေက နွေးထွေးစွာ ကြိုဆိုဆက်ဆံကြပါတယ်။ ကောင်းမွန်စွာ ထားတယ်။ မိသားစုသဖွယ် ဆက်ဆံကြတယ်။ အဲဒါတွေကို ကျွန်တော် မြင်ရတွေ့ရတော့ အရမ်းကိုဝမ်းသာမိပါတယ်။ ကျွန်တော်အခုလိုအလင်းဝင်ရောက်လာတဲ့ အချိန်မှာ မိသားစုတွေနဲ့အတူ အေးအေးချမ်းချမ်းနေရသလိုမျိုး ကျွန်တော်နဲ့အတူ တောထဲမှာ နေထိုင်ခဲ့ဘူးတဲ့ သူငယ်ချင်းတွေ၊ အဖွဲ့ထဲမှ လူငယ်တွေကိုလည်း တောထဲမှာနေပြီး အကြောင်းမဲသေ ရမယ့်အစား မိသားစုနဲ့အတူ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းပြီးတော့ ကျွန်တော့်လို အလင်းဝင်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။ တပ်မတော်အနေနဲ့လည်း အလင်းဝင် ရောက်လာမယ့် လမ်းမှားနေတဲ့လူငယ်တွေကို နွေးထွေးစွာကြိုဆိုဆက်ဆံပြီးတော့ အရင်က ကြားသိထားတဲ့ ဝါဒဖြန့်တာတွေကို နားမယောင်ဘဲ အမြန်အလင်းဝင်ရောက်ဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။"ဆိုပြီး ဖွင့်ဟပြောဆိုထားပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်နေသူတွေကိုယ်တိုင်က လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊ တန်းတူအခွင့်အရေး စသည်အားဖြင့် လူကြားကောင်းအောင် ကြွေးကြော်နေသည့်တိုင်အောင် မြေပြင်မှာတော့ လူမျိုးရေး ခွဲခြားမှုတွေ၊ ဖိနှိပ်စော်ကားမှုတွေကို သူတို့ကိုယ်တိုင် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကို အသိဉာဏ်ဆင်ခြင်တုံတရားရှိတဲ့ မည်သူမဆို လက်မခံနိုင်ပါဘူး။ ဒီကာလမှာ KIA, KNU, KNPP အစရှိတဲ့ ခရစ်ယာန်ခေါင်းဆောင်တွေ ကြီးစိုးတဲ့ အဖွဲ့အစည်းများမှာ ဗမာကို ဗမာနဲ့ ရန်တိုက်၊ ပအိုဝ်းကို ပအိုဝ်းနဲ့ ရန်တိုက်ပြီး လူမျိုးရေးပြဿနာတွေ ဖန်တီးကာ နိုင်ငံရေးအမြတ်ထုတ်နေကြတာကို ပြည်သူများက ရှင်းလင်းစွာ သိမြင်နားလည်ကြဖို့ လိုပါတယ်။ စာရေးသူကို KNU အဖွဲ့ဝင်တစ်ဦးက အင်းစိန်အကျဉ်းထောင်ထဲမှာ သူကိုယ်တိုင် ပြောပြတဲ့ စကားကို ဘယ်တော့မှ မမေ့ပါဘူး။ KNU အဖွဲ့မှာ ဦးဆောင်သူများအပိုင်းက ခရစ်ယာန်တွေ များပါတယ်။ ဗုဒ္ဓဘာသာဝင် ကရင်လူငယ်တွေကိုလည်း မဖြစ်မနေ စစ်မှုထမ်းဆောင်ရမယ်ဆိုပြီး သိမ်းသွင်းတာမျိုး ရှိပါတယ်။ အင်းစိန်အကျဉ်းထောင်ထဲမှာ နှစ်ကြီးကျအကျဉ်းသား KNU တပ်ဖွဲ့ဝင် က ဘာပြောသလဲ ဆိုရင် "တခါတလေ စိန်ပြောင်းနဲ့ ဘုန်းကြီးကျောင်းတွေကို တည်ပစ်တာ၊ လက်နက်စမ်းတဲ့အခါမျိုးပေါ့" တဲ့။ သူ့စကားရဲ့ အတိမ်အနက်ကို သူမတွေးပါဘူး။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးနဲ့ တည်ပစ်တာကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ရဲ့ အရှေ့မှာ ပြောဆိုနေတာ ဖြစ်ပါတယ်။ ဒါကို ထောက်ထားပြောဆိုခြင်းက KNU, KIA အစရှိသော လက်နက်ကိုင်အဖွဲ့များဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖန်တီးနေတာ အခုမှမဟုတ်ပါဘူး။ ရှေးပဝေသဏီကတည်းကိုက လုပ်နေကြတာ ဖြစ်ပါတယ်။ အခုအခြေအနေနဲ့ ပြောရင်တော့ ဗမာလူငယ်တွေ၊ ပအိုဝ်းလူငယ်တွေ မှာ နိုင်ငံရေးလှုံ့ဆော်မှုတွေကို နားယောင်ပြီး အဲဒီလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လက်အောက်ကို ရောက်ရှိသွားချိန်မှာ မျက်မြင်ဒိဋ္ဌ ကိုယ်တွေ့ သင်ခန်းစာများအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါပြီ။
အဓမ္မဖမ်းဆီးခံရပြီး အကြမ်းဖက်အဖွဲ့ထဲ ရောက်ရှိသွားတဲ့ အမျိုးသမီးတစ်ဦးက "ကျွန်မတို့ နောင်ချိုနယ်ထဲမှာတိုက်ပွဲတွေဖြစ်ပွားတဲ့အတွက် အကြမ်းဖက်အဖွဲ့တွေဟာ ကျွန်မတို့နေထိုင်တဲ့ ကျေးရွာတွေကိုလာပြီးတော့ အဓမ္မဖမ်းဆီးတဲ့အတွက် အကြမ်းဖက် ဖွဲ့ထဲကို ရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်မကတော့ အဖွဲ့ထဲမှာတပ်သားအနေနဲ့ ဘဏ္ဍာရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊ ကျွန်မတို့ အကြမ်းဖက်အဖွဲ့မှာ လူသစ်စုဆောင်ရေး အတွက် နောင်ချိုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို လိုက်ပြီးတော့ အဓမ္မဖမ်းဆီးတာတွေ တစ်အိမ်တစ်ဦးမဖြစ်မနေ ဝင်ရောက်တာတွေ လုပ်ဆောင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်၊ ကျွန်မကတော့ အဖွဲ့ထဲမှာ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် တိုက်ခိုက်ရတာမျိုးတော့ လုပ်ဆောင်ခြင်းမရှိပါဘူး၊ ကျွန်မတွေမြင်ရတာကတော့ ခေါင်းဆောင်ပိုင်းတွေရဲ့ အာဏာပြပြီးတော့ ဆဲဆိုတာတွေ မတရားညှင်းပန်းနှိပ်စက်တာတွေတော့ တွေ့ရပါတယ်၊ ကျွန်မ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက် အဖွဲ့ထဲမှာနေထိုင်ရတာ ဘဝလုံခြုံမှုတော့မရှိပါဘူး၊ ခေါင်းဆောင်ပိုင်းတွေရဲ့ အာမခံချက်နဲ့ လုပ်ဆောင်ချက်တွေက ကိုက်ညီမှုမရှိတဲ့အတွက် အဖွဲ့မှာနေရတာ ကြာလာတာနဲ့အမျှ စိတ်ဓာက်ကျဆင်းလာခဲ့ပါတယ်၊ ကျွန်မအလင်းဝင်ဖို့ တပ်မတော်ထံ ချိတ်ဆက်တဲ့အချိန်မှာ စိတ်ကတော့ စိုးရိမ်စိတ်တွေတော့ ဖြစ်မိပါတယ်၊ ဒါပင်မဲ့ ကျွန်မအမှန်တကယ် အလင်းဝင်ဖို့ လာရောက်တဲ့အချိန်မှာ တပ်မတော်အနေနဲ့ သားသမီးတစ်ဦးလို နွေးထွေးစွာ ဆက်ဆံတယ်၊ မိသားစုဝင်တစ်ဦးလို နွေးထွေးစွာ ဆက်ဆံတဲ့အတွက် စိတ်လုံခြုံမှု ရှိခဲ့ပါတယ်၊ ကျွန်မအခုလို အလင်းဝင်ရောက် လာရတဲ့ အတွက် ကျွန်မကိုယ် ကျွန်မ မှန်ကန်တယ်လို့ မြင်မိပါတယ်၊ ကျွန်မအခုလို အလင်းဝင် ရောက်လာပြီးတော့ မိသားစုနဲ့အတူ နွေးထွေးစွာ နေထိုင်ရသလိုမျိုး အဖွဲ့ထဲမှာရှိတဲ့ ကျွန်မရဲ့ သူငယ်ချင်းတွေ လူငယ်တွေကိုလည်း တောထဲမှာ အခုလို နေထိုင်နေမဲ့အစား မိသားစုနဲ့အတူ ပြန်လည်နွေးထွေးစွာ နေထိုင်ဖို့ တိုက်တွန်းချင်ပါတယ်၊ နောက်ပြီးတော့ တပ်မတော် အနေနဲ့လည်း အလင်းဝင်ရောက်လာမဲ့ လမ်းမှားတဲ့လူငယ်တွေကို ကြိုဆိုလျက်ရှိပါတယ်၊ ကျွန်မတို့အရင်ကကြားခဲ့ဖူးတဲ့ ခေါင်းဆောင် ပိုင်းတွေရဲ့ မဟုတ်မမှန်ဘဲနဲ့ ပြောတဲ့စကား ဖြစ်စေ၊ မှန်တာပြောတဲ့စကားဖြစ်စေ သူတို့ရဲ စကားတွေကို နားမယောင်ပဲနဲ့ ဘဝရှေ့ရေးအတွက် လျှောက်လှမ်းဖို့အတွက် အလင်းဝင်ရောက်ဖို့ တိုက်တွန်းလိုပါတယ်။" လို့ ပြောဆိုထားပါတယ်။
ဒီအမျိုးသမီးဟာ အကြမ်းဖက်အဖွဲ့ထဲရောက်ပြီး ငွေရှာရတဲ့ နေရာမှာ နေရလို့ သက်သောင့်သက်သာ နေထိုင်ခွင့် ရခဲ့ပါတယ်။ တချို့သော အမျိုးသမီးတွေမှာတော့ အကြမ်းဖက်ခေါင်းဆောင်တွေရဲ့ ခြေတော်တင်ခြင်း၊ စော်ကားခြင်း ခံရုံမျှမက အဓမ္မပြုကျင့်စော်ကားပြီး သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေ အထိ ဖြစ်ခဲ့ပါတယ်။ တချို့သော အမျိုးသမီးတွေကတော့ အကြမ်းဖက်ခေါင်းဆောင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအတွက် NUG အကြမ်းဖက်အဖွဲ့ထံ တိုင်ကြားတာမျိုးတွေ လုပ်ကြပါတယ်။ အကြမ်းဖက်အဖွဲ့ထဲမှာ ဥပဒေမရှိဘူး။ အကြမ်းဖက်သမားများကို NUG အနေနဲ့ ထိန်းချုပ်နိုင်ခြင်း မရှိဘူး။ ထိန်းချုပ်ဖို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေလည်း မရှိဘူး။ ဥပဒေ ရှိခဲ့ရင်တောင် အကြမ်းဖက်သမားများကို ထိန်းချုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုရင် NUG အကြမ်းဖက်အဖွဲ့ဝင် အများစုဟာ ပြည်ပနိုင်ငံများမှာ ထွက်ပြေးနေထိုင်ပြီး လေလှိုင်းပေါ်ကနေသာ မစားရ ဝခမန်း လှုံ့ဆော်ပြောဆိုပြီး အကြမ်းဖက်သမားများကို အကြောင်းပြုကာ နိုင်ငံတကာမှ အလှူခံပြီး စီးပွားရှာနေကြသူများ ဖြစ်လို့ပါပဲ။
အခုလို နိုင်ငံတော်က ဥပဒေဘောင်အတွင်း ဝင်ရောက်ကြဖို့ လမ်းဖွင့်ပေးထားတဲ့အချိန်မှာ မိမိတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေကို မှန်ကန်စွာ ဆင်ခြင်သုံးသပ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်းကြောင့် မိမိတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အများပြည်သူ အတိဒုက္ခမရောက်တော့သလို မိမိတို့ ကိုယ်တိုင်လည်း မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာ နေထိုင်မှာ ဖြစ်တဲ့အတွက် အကြမ်းဖက်အဖွဲ့များထဲကို ရောက်နေကြသော လူငယ်များ မှန်ကန်စွာ ဆင်ခြင်သုံးသပ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ကြဖို့ကို ထပ်ဆင့်နှိုးဆော်တိုက်တွန်း လိုက်ရပါတယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment