ဇူလိုင် - ၅ ( စနေနေ့ )
ဩစတေးလျတောင်ပိုင်းရှိ ဖလင်းဒါတက္ကသိုလ်မှ သုတေသီများသည် ရေညှိကန် (HRAP) စနစ်များကို စမ်းသပ်သုံးစွဲကာ ပိုမိုထိရောက်သော ရေဆိုးသန့်စင်မှုနှင့် အစိုင်အခဲများကို ပိုမိုလွယ်ကူစွာ ဖယ်ရှားနိုင်တဲ့ နည်းပညာကို အောင်မြင်ခဲ့ကြောင်း တက္ကသိုလ်ရဲ့ သောကြာနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒိအောင်မြင်မှုက ဆည်မြောင်းတွေလို သောက်သုံးမရနိုင်တဲ့ ရေရဲ့ အရည်အသွေးကို မြှင့်တင်ပေးရုံသာမက ရိုးရာ မိလ္လာသန့်စင်ခြင်းလို ကုန်ကျစရိတ် ရှိနေတဲ့ လုပ်ငန်းတွေကို သက်သာပြီး ဒေသတွင်း လူမှုအသိုင်းအဝိုင်းများ ရင်ဆိုင်နေရသော အရေးပါသော ရေရှားပါးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ဩစတေးလျတောင်ပိုင်းရှိ ဒေသဆိုင်ရာ ကောင်စီများသည် ညစ်ညမ်းမှုများကို ဖယ်ရှားပေးသည့် မိုက်ခရိုရေညှိများနဲ့ ဘက်တီးရီးယားများ ပြည့်နှက်နေသော မြောင်းတွေထဲကို ရေဆိုးများကို ဖြေးညှင်းစွာ လည်ပတ်နေစေခြင်း ဖြင့် HRAP စနစ်များကို အသုံးပြုကာ သောက်သုံးရေ ပြန်ထုတ်နေတယ်လို့ သုတေသီများက ပြောကြားခဲ့ပါတယ်။
"ရေညှိ-ဘက်တီးရီးယား အမှုန်တွေနဲ့ ဖွဲ့စည်းထားခြင်းက အလွန်သိပ်သည်းပြီး လျင်မြန်သော ဇီဝဒြပ်ထုများ ဖွဲ့စည်းရန်နဲ့ သန့်စင်ထားသော ရေဆိုးအရည်အသွေးကို တိုးတက်စေပါတယ်။ ဒါက အပြုသဘောဆောင်တဲ့ နည်းလမ်းဖြစ်ပါတယ်" လို့ ဖလင်ဒါတက္ကသိုလ်မှ PhD သုတေသီ ဆမ် ဘတ်တာဝသ် က ပြောကြားခဲ့ပါတယ်။
သုတေသီများသည် အရင်းအနှီးအသစ်အများကြီး ထည့်စရာမလိုတဲ့ ပိုမိုမြန်ဆန်ထိရောက်သော ရေဆိုးသန့်စင်မှု ပြုလုပ်ရန်အတွက် တောင်သြစတြေးလျရှိ ရေဆိုးသန့်စင်စက်ရုံတွင် အဆင့်မြင့် HRAP နည်းပညာကို စမ်းသပ်လျက်ရှိပါတယ်။
REF: CGTN
https://t.me/MyanmarNationalPost
No comments:
Post a Comment