အစ္စရေးစစ်သားတွေ ကိုယ့်ကိုယ်ကို သေကြောင်းကြံမှုတွေ မြင့်တက်လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစ္စရေးစစ်သားတွေ ကိုယ့်ကိုယ်ကို သေကြောင်းကြံမှုတွေ မြင့်တက်လာ


ဇူလိုင် - ၂၁ ( တနင်္လာနေ့ ) 

မကြာသေးမီကာလက ဂါဇာကမ်းမြောင်နှင့် အခြားပဋိပက္ခဖြစ်ပွားရာဒေသများတွင် တိုက်ပွဲများ တိုးချဲ့ချထားပြီးနောက် အစ္စရေး စစ်မှုထမ်းများနှင့် အရန်တပ်ဖွဲ့များအပါအဝင် အနည်းဆုံး အစ္စရေးစစ်သားငါးဦးက ကိုယ့်ကိုယ်ကို သေကြောင်းကြံမှုတွေ ဖြစ်ခဲ့ပါတယ်။  

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမတ်စ်တို့က အစ္စရေးကို တိုက်ခိုက်မှုအပြီးတွင် အစ္စရေးက ဂါဇာသို့ စစ်တပ်များစေလွှတ် တိုက်ခိုက်မှုများ ပြုလုပ် ပြီးနောက်ပိုင်းတွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) တွင် ကိုယ့်ကိုယ်ကို သေကြောင်းကြံမှုများ မြင့်တက်လာခဲ့ပါတယ်။ ၂၀၂၃ နှစ်ကုန်ပိုင်းတွင် စစ်သားခုနစ်ဦး သေကြောင်းကြံခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ဖြစ်ပွားမှု ၂၁ ခုနှင့် ယခုနှစ်အတွင်း ဖြစ်ပွားမှု အနည်းဆုံး ၂၀ မှု ဖြစ်ပွားခဲ့ပါတယ်။ 

တနင်္လာနေ့က အတည်ပြုခဲ့တဲ့ နောက်ဆုံးဖြစ်ရပ်တွင် လွန်ခဲ့တဲ့ တစ်နှစ်က IDF တွင် ပါဝင်ရန် အစ္စရေးသို့ ပြောင်းရွှေ့အခြေချခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် နော်ဝေ ရွှေ့ပြောင်းနေထိုင်သူတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ သူက စဒတိုင်မန်း အခြေစိုက်စခန်းတွင်လေ့ကျင့်နေခဲ့ပြီး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်သတ်ခဲ့ပါတယ်။ ဂိုလာနီတပ်ရင်းမှ စစ်မှုထမ်းတစ်ဦးကလည်း စိတ်ဖိစီးမှုရောဂါ ခံစားခဲ့ရပြီးနောက် မိမိကိုယ်ကို သတ်သေခဲ့ပါတယ်။ အခြားလေးဦးကလည်း လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း သေကြောင်းကြံခဲ့ကြပါတယ်။ 

အမှုအခင်းအများစုမှာ ကိုယ်ရေးကိုယ်တာ သို့မဟုတ် မိသားစုအခြေအနေများထက် တိုက်ခိုက်ရေးဆိုင်ရာ ကိစ္စတွေကနေ စိတ်ဒဏ်ရာများ တိုးလာမှုကြောင့်ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကြောင့် ထောင်နှင့်ချီသော အရန်တပ်များတပ်မှ ထုတ်လိုက်ရကြောင်း IDF မှ အတည်ပြုပြောကြားခဲ့ပါတယ် ။ အဲ့ဒိထဲမှာ တိုက်ခိုက်ရေး တပ်က မဟုတ်တဲ့ စစ်မှုထမ်းတွေလည်း ပါနေပါတယ်။ စိတ်ကျန်းမာရေးပြဿနာများကြောင့် မိမိကိုယ်ကို သတ်သေသူအရေအတွက်မှာ ပိုများနိုင်ပါတယ်လို့ ဒေသတွင်း မီဒီယာ တစ်ခုက ဆိုလာပါတယ်။


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)