နမ့်စန်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်၍ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ့်စန်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်၍ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေး





နမ့်စန်၊ ဇူလိုင် ၂၁

ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(နမ့်စန်) သရဖီခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ရာ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်ကွပ်ကဲရေးမှူး ဗိုလ်ချုပ် စိုးအောင်နှင့် တပ်မတော်အရာရှိများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်နှင့် နည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)  အသုံးပြုခြင်းဆိုင်ရာလုပ်ငန်းစဉ်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်ကွပ်ကဲရေးမှူး ဗိုလ်ချုပ်စိုးအောင်နှင့် တက်ရောက်လာကြသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးကြကာ အဆိုပါဆင့်ပွားသင်တန်းကို ဖွင့်လှစ်ပေးခဲ့ကြသည်။

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ဇူလိုင်လ ၂၁ ရက်မှ  ဩဂုတ်လ ၁၂ ရက်နေ့အထိ သင်တန်းအမှတ်စဉ် (၇)ခုဖွင့်လှစ်၍ အပတ်စဉ်တစ်ခုလျှင် (၂)ရက်နှုန်းဖြင့် စုစုပေါင်း သင်တန်းသား(၆၇၀)ဦးကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သူရအောင်(နမ့်စန်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)