အင်ဒိုနီးရှား ခရီသဉ်တင်သင်္ဘော မီးလောင် ၊ ၃ ဦးသေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်ဒိုနီးရှား ခရီသဉ်တင်သင်္ဘော မီးလောင် ၊ ၃ ဦးသေဆုံး




ဇူလိုင် - ၂၁ ( တနင်္လာနေ့ ) 

အင်ဒိုနီးရှားရေပိုင်နက်အတွင်း လူ ၃၀၀ နီးပါး တင်ဆောင်လာတဲ့ ခရီးသည်တင်သင်္ဘောတစ်စင်းဟာ တနင်္ဂနွေနေ့က မီးလောင်ခဲ့ပြီးနောက် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

KM Barcelona ကူးတို့သင်္ဘောသည် မြောက်ဆူလာဝေစီပြည်နယ် ကမ်းရိုးတန်းရှိ ကျွန်းငယ်တစ်ခုဖြစ်တဲ့ ဂေါင်ဂါ တွင် တနင်္ဂနွေနေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အင်ဒိုနီးရှား အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 

အဆိုပါ သင်္ဘောတွင် ခရီးသည် ၂၈၀ ဦး တင်ဆောင်ထားပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းသူ အရေအတွက်ကို မှတ်တမ်းတင်ထားဆဲဖြစ်ကြောင်း အေဂျင်စီက ပြောကြားခဲ့ပါတယ်။ “ကျန်ရှိနေသေးတဲ့ ဒုက္ခသည်တွေကို ရှာဖွေရေးနဲ့ ဆေးဘက်ဆိုင်ရာ ကုသမှုတွေ လုပ်ဆောင်နေပါတယ်” လို့ ဆိုပါတယ်။ 

“ဒီဖြစ်ရပ်ကို အမြန်တုံ့ပြန်နိုင်ဖို့ ရေကြောင်း SAR ယူနစ်ပေါင်းများစွာနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို ကျွန်တော်တို့ တပ်ဖြန့်ထားပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဗဟိုကွပ်ကဲမှုဌာနချုပ်ကို မာနာဒို ဆိပ်ကမ်းမှာ အခြေပြုထားပါတယ်” လို့ ဆိုပါတယ်။ 

အင်ဒိုနီးရှား အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီက လူမှုကွန်ရက်တွင် ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်တွင် ကယ်ဆယ်ရန် စောင့်ဆိုင်းနေသူများ၊  သမုဒ္ဒရာထဲတွင် မျောပါနေတဲ့ ဒါဇင်များစွာသော အသက်ကယ်ကိရိယာများ ဝတ်ဆင်ထားသူခရီးသည်များနဲ့  မီးတောက်လောင်ကာ လေထဲသို့ မီးခိုးများ မှုတ်ထုတ်နေတဲ့ သင်္ဘော တို့ကို တွေ့ရပါတယ်။ 

ရာသီဥတုသာယာနေတာက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရေး လုပ်ငန်းများကို ကူညီပေးနေတယ်လို့ တာဝန်ရှိသူများက ပြောကြားသော်လည်း ကျန်လောင်စာဆီများမှ ပေါက်ကွဲနိုင်သည့် အန္တရာယ်ရှိနိုင်သေးတယ် လို့ သတိပေးထားပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)