တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အထွဋ်မှ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အား ယာယီစံကျောင်းတော်သို့ ပင့်ဆောင် - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အထွဋ်မှ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အား ယာယီစံကျောင်းတော်သို့ ပင့်ဆောင်





တောင်ငူ၊ ဇူလိုင် ၂၁

မတ် ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးယိုယွင်းခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး ရောင်တော်ဖွင့်ခြင်း၊ သန့်စင်ခြင်း၊ ချေးချွတ်ခြင်း၊ စေတီတော်မြတ်ကြီးအား ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အထွဋ်မှ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ဂန္တဝင်ကိုးခန်းသိမ်တော် ယာယီစံကျောင်းတော်သို့ ပင့်ဆောင်ခဲ့ကြောင်း သိရသည်။

ဦးစွာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်အောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးယဉ်ဌေး၊ ခရိုင်တရားသူကြီး ဦးမိုးကြည်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်၊ မြို့မိမြို့ဖများ၊ ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မရမ်းကျောင်းစာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တတေဇောသာရထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက်  တောင်ငူတပ်နယ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်တရားသူကြီး ဦးမိုးကြည်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် အလှူရှင် CB ဘဏ်ဥက္ကဋ္ဌကြီး ဦးခင်မောင်အေးနှင့် ဇနီး ဒေါ်ဝင့်ရည်အေးမိသားစုမှ ပြန်လည်လှူဒါန်းထားသော ရွှေဆံတော်စေတီတော်မြတ်ကြီး၏အထွဋ်မှ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ရင်ပြင်‌တော်ပေါ်သို့ပင့်ဆောင်၍ ဝင်းခင်းပြီး ဝေါယာဉ်ဖြင့် ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ယာရစ်တစ်ပတ် ပတ်ကာ ဂန္တဝင်ကိုးခန်းသိမ်တော် ယာယီစံကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ထားရှိသည်။ မြန်မာပြည်အနှံ့အပြားမှ ပြည်သူများနှင့် ဒေသခံပြည်သူများအနေဖြင့် လာရောက်ဖူးမြော်ကြည်ညိုနိုင်ကြောင်းနှင့် ဂေါပကအဖွဲ့ရုံး ဖုန်း. ၀၉. ၄၅၄၃၆၆၄၈၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)