ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရုပ်ရှင်ထုတ်လုပ်သူလုပ်ငန်းရှင်များ ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းဆွေး​နွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရုပ်ရှင်ထုတ်လုပ်သူလုပ်ငန်းရှင်များ ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းဆွေး​နွေး


ရန်ကုန်၊ ဇူလိုင် ၂၁

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ရုပ်ရှင်ထုတ်လုပ်သူလုပ်ငန်းရှင်များနှင့် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ​တွေ့ဆုံ၍ ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်း​ဆွေး​နွေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ရုပ်ရှင်ဇာတ်ကားများရုံတင် ပြသနိုင်မည့်အခြေအနေနှင့် ရိုက်ကူးထုတ်လုပ်ရန် လိုအပ်မှုအခြေအ​နေကိုလည်းကောင်း၊ ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသမှုစနစ်အား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်ဇာတ်ကားထုတ်လုပ်သူများနှင့် ရုပ်ရှင်ရုံပိုင်ရှင်များ ညှိနှိုင်းပေါင်းစပ်၍ အားလုံးအဆင်ပြေစေမည့် ရုံတင်ပြသမှုစနစ် ပေါ်ပေါက်လာအောင်ဆောင်ရွက်ရန် လိုအပ်နေမှု အခြေအနေကိုလည်းကောင်း၊ နိုင်ငံတော်အစိုးရက ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသည့် အခြေအနေများကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ရုပ်ရှင်ထုတ်လုပ်သူလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများက ရုပ်ရှင်ဇာတ်ကားများ ရုံတင်ပြသရာတွင် ကြုံတွေ့ရသည့်အခက်အခဲများနှင့် ရုပ်ရှင်ဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍအသီးသီးကို ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်မည့် “ရုပ်ရှင်မြို့တော်စီမံကိန်း” အတွက် စိတ်ဝင်စားမှုအဆိုပြုလွှာပေးအပ်ထားသည့် လုပ်ငန်းရှင်များအားတွေ့ဆုံ၍ ရုပ်ရှင်မြို့တော်စီမံကိန်း လုပ်ငန်းများအား ဆောင်ရွက်ရာတွင် အနုပညာကို အခြေခံသည့် လုပ်ငန်းများကိုသာ ဦးစားပေးဆောင်ရွက်ရန်နှင့် သတ်မှတ်စည်းမျဉ်း စည်းကမ်းများအတိုင်း ဆောင်ရွက်ပေးရန် ဆွေးနွေးပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)