မြောက်ဥက္ကလာပမြို့နယ်၌ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း





မြောက်ဥက္ကလာပ၊ ဇူလိုင်  ၂၁

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၆)အခြေခံပညာမူလတန်း ကျောင်းတွင် စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့   နံနက် ၁၀ နာရီအချိန်  အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာတော်သံဃာတော်များ အမှတ်(၆)အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်သင်း နှင့် ဆရာ ၊ဆရာမများ ၊ ကျောင်းသား/သူများ ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ် များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး  သန္တာဦးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါး သီလခံယူဆောင် တည်ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့် တော် မူကြပြီး အမှတ် (၆)အခြေခံပညာမူလတန်း ကျောင်းအုပ်ဆရာမကြီး နှင့်ဆရာ ၊ဆရာမများ ဧည့်ပရိတ်သတ် များ က ဆရာတော် သံဃာတော် အရှင်သူမြတ်များအား  ဝါဆိုသင်္ကန်း ၊ နဝကမ္မ နှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်း ခဲ့ကြသည်။ ထို့နောက်  သန္တာဦးကျောင်းတိုက်ဆရာတော်ထံမှအနုမောဒနာ တရားနာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓ သာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်း ကြပြီး ဆရာတော် ၊သံဃာတော် အရှင် သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)