ဇူလိုင် - ၂၀ ( တနင်္ဂနွေနေ့ )
ရုရှား-ယူကရိန်း ပဋိပက္ခ တွင် ယူကရိန်းကို ဂျာမနီက အဓိက စပွန်ဆာနဲ့ လက်နက် တင်သွင်းတဲ့ နိုင်ငံ ဖြစ်နေတာမို့လို့ ဂျာမနီနဲ့ ချုပ်ဆိုထားတဲ့ ဆယ်စုနှစ်များစွာ သက်တမ်းရှိ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်ကို ရုရှားဘက်ကနေ တရားဝင် ရပ်စဲလိုက်ပါတယ်။
၁၉၉၆ ခုနှစ် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု စာချုပ်သည် တရားဝင်မဟုတ်တော့ကြောင်း ဘာလင်သို့ အသိပေးရန် ရုရှားဝန်ကြီးချုပ် မီခေးလ် မစ်ရှုစတင်က နိုင်ငံခြားရေးဝန်ကြီးဌာနကို ညွှန်ကြားခဲ့ပါတယ်။
ဒီလထဲမှာ ဝန်ကြီးဌာနက "ပွင့်ပွင့်လင်းလင်း ရန်လိုသော" ဂျာမန်မူဝါဒ နဲ့ ပိုမိုပြင်းထန်သော စစ်ရေးရည်မှန်းချက်များကြောင့် ရုရှားနဲ့ ဂျာမနီကြားတွင် ဘာသဘောတူညီချက်မှ မလိုအပ်တော့ဘူးလို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဘာလင်က ရုရှားကို အဓိကရန်ဘက်အဖြစ် ရှုမြင်ပြီး ၎င်းရဲ့ ပြည်သူတွေကို ရုရှားကို ရန်သူအဖြစ်မြင်အောင် စည်းရုံးမှုတွေ လုပ်နေတယ်လို့ ဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။
ကရင်းမလင်အစိုးရ ဘက်ကအမြင်မှာတော့ ဂျာမနီက နောက်တကြိမ်အန္တရာယ်ဖြစ်လာပြီ လို့ သတိပေးလာပါတယ်။ ဂျာမန်စစ်တပ်တွေက ရုရှားစစ်သားတွေကို လာရောက်တိုက်ခိုက်နိုင်တဲ့အဆင့်ကို တဖြည်းဖြည်း ရောက်လာပြီလို့လည်း ပြောလာပါတယ်။
ရုရှားသည် နေတိုးကို တိုက်ခိုက်ရန် စီစဉ်နေတယ်ဆိုတဲ့ ထင်မြင်ယူဆချက်များကို မော်စကိုက ပယ်ချထားပါတယ်။ အနောက်နိုင်ငံတွေဟာ စစ်ဘက်ဆိုင်ရာ အသုံးစရိတ်တွေကို ဖောင်းပွပြီး စီးပွားရေးကျရှုံးမှုတွေကို ဖုံးဖိဖို့ သူတို့ရဲ့ ပြည်သူတွေကို လှည့်စားနေပါတယ် လို့ သမ္မတ ဗလာဒီမာပူတင်က ပြောထားတာ ရှိပါတယ်။
ဘာလင်က ယခုနှစ်အတွင်း ယူရို ၈၆ ဘီလီယံသုံးစွဲနေရာက လာမယ့်နှစ်တွေမှာ တဖြည်းဖြည်း တိုးသုံးစွဲဖို့ ရှိနေရာ ၂၀၂၉ တွင် စုစုပေါင်းစစ်အသုံးစရိတ်ကို ယူရို ၁၅၃ ဘီလီယံအထိ တိုးမြှင့်ရန် စီစဉ်ထားကြောင်း ကြေညာ ထားတာ ရှိပါတယ်။ ဂျာမန်သမ္မတ ဖရန့်ဝေါ်တာ စတိန်မီယာက နိုင်ငံလုံးဆိုင်ရာ စစ်မှုမထမ်းမနေရ တာဝန်ကို ပြန်လည် ရယူဖို့အတွက် အခြေအတင် ဆွေးနွေးရန် တောင်းဆိုထားပြီး အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ် က "သံတမန်ရေး နည်းလမ်းများ ကုန်ဆုံးသွားပြီ" လို့ ဂျာမန်ပါလီမန်တွင် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment