ရုရှားနိုင်ငံ အရှေ့ဖျားဒေသတွင် နွေရာသီ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားနိုင်ငံ အရှေ့ဖျားဒေသတွင် နွေရာသီ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်


ဇူလိုင် - ၂၀ ( တနင်္ဂနွေနေ့ ) 

ရုရှားအရှေ့ဖျားရှိ ယာကူရှာ ရီပါဘလစ် တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆိုးရွားစွာရေကြီးခဲ့ပြီး နေအိမ်ဒါဇင်ပေါင်းများစွာ ရေမြုပ်သွားခဲ့ပြီး အစုလိုက်အပြုံလိုက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပါတယ်။ 

အင်ဒီဂီရာကာ မြစ်သည် ယခုသီတင်းပတ်အစောပိုင်းတွင် ၎င်း၏ ကမ်းပါးများ ပြည့်လျှံပြီးနောက် ၂၄ နာရီအတွင်း ရေမျက်နှာပြင် ၄၀ မှ ၆၀ စင်တီမီတာအထိ မြင့်တက်လာခဲ့ပါတယ်။ ပုံမှန်မဟုတ်သော မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွာသူရွာသားများ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတာကြောင့် ဘေးကင်းရာနေရာတွေကို ပို့ဆောင်ပေးခဲ့ရပါတယ် လို့ ဒေသခံ  မီဒီယာများရဲ့  ဖော်ပြချက်အရ သိရပါတယ်။ 

ဒေသဆိုင်ရာ အာဏာပိုင်များသည် အရေးပေါ်အခြေအနေ ကြေညာထားပြီး ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်လျက်ရှိပါတယ် ။ ရဟတ်ယာဉ်များနှင့် ဒရုန်းများက အစားအစာများ၊ အပူပေးစက်များနှင့် လျှပ်စစ်ဓာတ်အားပေးစက်များ ပို့ဆောင်ပေးလျက်ရှိပြီး သီးခြားအခြေချနေထိုင်သူများကလည်း သောက်သုံးရေ ပြတ်တောက်မှု  မြင့်တက်လာခြင်းကြောင့် အကူအညီတွေကို ဆက်လက်ပို့ပေးနေရပါတယ်။ 

"ဘေးဒဏ်သင့်ဒေသတွေမှာ အခြေအနေတွေက ခက်ခဲနေတုန်းပါပဲ" လို့ ယာကူရှာ အကြီးအကဲ က သောကြာနေ့မှာ တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ် ။ ရေပြန်ကျသွားတာနဲ့ ပျက်စီးဆုံးရှုံးမှုတွေကို အကဲဖြတ်မှုတွေလုပ်ဖို့ စတင်မယ်လို့ သူက ပြောပါတယ်။

ခါရာတူမော ရွာက ဆိုရှယ်မီဒီယာအသုံးပြုသူများသည် ရေလွှမ်းနေသော မြေနိမ့်ပိုင်းမှ လွတ်မြောက်ပြီးနောက် တောင်ကုန်းတစ်ခုပေါ်တွင် နွားများသောင်တင်နေသည့် ဗီဒီယိုများကို မျှဝေခဲ့ကြပါတယ်။ နောက်ပိုင်းတွင် ဒေသခံအာဏာပိုင်များက တိရစ္ဆာန်များကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ် ။

ယခုအခါ အချို့နေရာများတွင် ရေများ တဖြည်းဖြည်း လျော့နည်းလာသော်လည်း အရေးပေါ် ကယ်ဆယ်ရေး သမားများက အခြေအနေကို ဆက်လက် စောင့်ကြည့်လျက် ရှိပါတယ်။ ဘေးကင်းရေးအတွက် နောက်ထပ် လှည့်ကင်းများကို ဖြန့်ကျက်ချထားခဲ့ပါတယ်။ 

ရုရှား၏ အရှေ့ဖျားဒေသတွင် ရေကြီးရေလျှံမှုမှာ အတော်လေးအဖြစ်များသော်လည်း၊ အထူးသဖြင့် နွေဦးနှင့် နွေရာသီများတွင် နှစ်စဉ်ရေလျှံမှုများကြောင့် ဒေသတွင်းရှိ ရာနှင့်ချီသော အခြေချနေထိုင်မှုများကို ထိခိုက်တတ်ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)