ဥတ္တရသီရိမြို့နယ်၌ လူသတ် လုယက်မှုကျူးလွန်သူ တရားခံ အမျိုးသား ၃ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိမြို့နယ်၌ လူသတ် လုယက်မှုကျူးလွန်သူ တရားခံ အမျိုးသား ၃ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇူလိုင် ၂၀

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၌ ဇူလိုင်လ ၁၉ ရက်နေ့က လူသတ် လုယက်မှုကျူးလွန်သူ တရားခံ အမျိုးသား ၃ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁) မီးသတ်စခန်းအနောက်ဘက်တောအတွင်း မီးသွေးဖိုအနီး၌ ကိုးရွာသပြေကုန်းကျေးရွာ၊ လေးကျွန်း မဏ္ဍိုင်ဘုန်းကြီးကျောင်းမှ ကပ္ပိယဖြစ်သူ ဦးလှဝင်း(၇၄)နှစ်အား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ တရားခံများ စိစစ်ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ဘုရားကုန်းမြို့မရဲစခန်း(ပ)၃၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ပါသည်။

အမှုမှ တရားခံများ ဖမ်းဆီးရမိနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းရှာဖွေစစ်ဆေးခြင်း များဆောင်ရွက်ခဲ့ရာ အချင်းမဖြစ်မီရက်များက အဆိုပါဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် ကိုးရွာသပြေကုန်းကျေးရွာနေ နိုင်မင်းထွန်း(ခ)ဘိုဘို(၁၈)နှစ်၊ ဇွဲခန့်နိုင်(ခ)ဇွဲခန့်(၁၇)နှစ်နှင့် ရေတာရှည်မြို့နယ်၊ သရက်တောကျေးရွာနေ ဆန်းမင်းငြိမ်း(ခ)ပေါက်တူး(၂၇)နှစ်တို့ ၃ ဦးအား မသင်္ကာသဖြင့် စစ်ဆေးခဲ့ရာ လူသတ်လုယက်မှုကျူးလွန်ခဲ့ကြောင်းပေါ်ပေါက်ပြီး ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရှည်(၂)ပေခန့်ရှိ ထင်းချောင်း (၂)ချောင်း၊ VIVO အမျိုးအစား သက်သေခံဖုန်း (၁)လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံများ၏ထွက်ဆိုချက်အရ ၎င်းတို့ ၃ ဦးသည် ငွေကြေးလိုအပ်ချက်ကြောင့် ကပ္ပိယဖြစ်သူ ဦးလှဝင်းထံမှ ပိုက်ဆံများလုရန်တိုင်ပင်ပြီး ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ဦးလှဝင်း၏ မီးသွေးဖိုအနီး ဝါးရုံပင်အောက်တွင် အရက်သေစာသောက်စားကာ စောင့်ဆိုင်း၍ ဦးလှဝင်းအား နိုင်မင်းထွန်း(ခ)ဘိုဘိုမှ အသင့်ယူလာသော ထင်းချောင်းဖြင့် ရိုက်နှက် ခဲ့ပြီး မှောက်လျက်လဲကျသွားသော ဦးလှဝင်းအား ဆန်းမင်းငြိမ်း(ခ) ပေါက်တူးမှ ဆွဲလှန်ပေးကာ နိုင်မင်းထွန်း(ခ)ဘိုဘိုနှင့် ဇွဲခန့်နိုင်(ခ)ဇွဲခန့်တို့မှ ထင်းချောင်းများဖြင့် ဝိုင်းဝန်းရိုက်နှက်၍ ဦးလှဝင်းကိုင်ဆောင်သော VIVO အမျိုးအစား အဖြူရောင်လက်ကိုင်ဖုန်းနှင့် လွယ်အိတ်အတွင်းမှ ငွေကျပ် ၇၂,၀၀၀ အား လုယက်ယူဆောင်ခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

အထက်ပါဖြစ်စဉ်မှ လူသတ်လုယက်မှုကျူးလွန်သူ နိုင်မင်းထွန်း(ခ)ဘိုဘို၊ ဇွဲခန့်နိုင်(ခ)ဇွဲခန့်နှင့် ဆန်းမင်းငြိမ်း(ခ)ပေါက်တူးတို့ ၃ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက် လျက်ရှိကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)