မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပေါင်မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့ လေပြင်းတိုက်ခတ်ခဲ့၍ ပျက်စီးသွားသည့် အ‌‌ခြေအနေတို့အပေါ် ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပေါင်မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့ လေပြင်းတိုက်ခတ်ခဲ့၍ ပျက်စီးသွားသည့် အ‌‌ခြေအနေတို့အပေါ် ကြည့်ရှုစစ်ဆေး







ပေါင်၊ ဇူလိုင်  ၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ပေါင်းရပ်ကွက်၊ မိုးနိုင်းရပ်ကွက်၊ ရင်းငြိမ်တော‌င်ကျေးရွာအုပ်စုတို့၌ ဇူလိုင်လ ၂၃လရက်နေ့၊ နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် သာသနိက အဆောက်အအုံ အချို့နှင့် လူနေအိမ် အချို့ ပျက်စီးဆုံးရှုံးမှု အခြေအနေတို့အား ပြည်နယ်ဝန်ကြီူချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့နေ့လယ်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးစီးဆုံးရှုံးမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘေးသင့် သူများအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ခေတ္တနေရာချထားပေးခဲ့ပြီး နေအိမ်များ အမြန်ဆုံး ပြန်လည် ပြုပြင်ဆောင်ရွက်နိုင်ရေး၊ ဘေးသင့် သူများအား ထောက်ပံ့နိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွန်မှာကြားခဲ့သည်။

အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်က ဘေးသင့်ပြည်သူများကို ရင်းရင်းနှီးနှီး လိုက်လံ အားပေးခဲ့ကာ တာဝန်ရှိသူနှင့်တွေ့ဆုံ၍ လေပြင်းတိုက်ခတ်ခဲ့မှုပျက်စီးသွားသည့် အ‌‌ခြေအနေတို့အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုလေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ခန့်မှန်း၂၂၀ လုံး၊ သာသနိက အဆောက်အအုံ  ၁ လုံး ပျက်စီးခဲ့ပြီး အမျိုးသမီး (၁)ဦးနှင့်ကလေးငယ် (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)