ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မျက်စိ ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မျက်စိ ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်











ပဲခူး၊ ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာရှင်များအား  မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မျက်စိခွဲစိတ်ကုသပေးခြင်းကို ဇူလိုင်လ(၂၂)ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၂၃)ရက်နေ့၊ နံနက်ပိုင်း ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသို သွားရောက်ခဲ့ပြီး မျက်စိဝေဒနာရှင်များနှင့် ဆေးရုံစောင့်လူနာများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကာ လာရောက်ပြသသည့် မျက်စိဝေဒနာရှင် ဆရာတော်ကြီးများနှင့် သီလရှင်တိုအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး မျက်စိဝေဒနာရှင်လူပုဂ္ဂိုလ်များအား နေ့လည်စာကျွေးမွေးခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ(၂၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို၊ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုပြည်သူ့ ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်သို့ ရောက်ရှိခဲ့ပြီး မျက်စိခွဲစိတ်ကုသမှုခံယူထားသည့် ဆရာတော် ကြီး(၆)ပါးနှင့် သီလရှင်(၁)ပါးတို့အား လှူဖွယ်ဝတ္တုပစ္စည်းများနှင့် ဆေးမျက်မှန်တို့အားလည်းကောင်း၊ လူပုဂ္ဂိုလ်(၃၇)ဦးအတွက် ကြက်ဥ၊ အာဟာရမုန့်နှင့် ဆေးမျက်မှန်တို့အားလည်းကောင်း တပ်ဆင်ပေးအပ်ခဲ့ပြီး ခွဲစိတ်ကုသပေးခဲ့သည့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ ကိုဦးနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ တိုင်းဒေသကြီးအတွင်းရှိ မျက်စိဝေဒနာရှင် (၁၂၉)ဦး လာရောက်ပြသခဲ့ပြီး ၎င်းတိုအနက်မှ အတွင်းတိမ်နှင့် ရေတိမ် မျက်စိဝေဒနာရှင်(၄၄)ဦးအား မျက်စိအလင်း ပြန်လည်ရရှိအောင် ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)