မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းညှိနှိုင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းညှိနှိုင်း




ချမ်းအေးသာစံ ၊  ဇူလိုင် ၈


မန္တလေးတိုင်းဒေသကြီးအတွင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုး နှင့် သာသနိက အဆောက်အအုံများ  ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်၇ရက်မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးအတွင်းရှိ  ထိခိုက်ပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးနှင့် သာသနိကအဆောက်အအုံများ၊ ဘာသာရေးအဆောက်အဦများ ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ် ဧပြီလတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော အဆောက်အအုံ၊ လမ်း၊ တံတားများအတွက် ပျက်စီးမှုအမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံး လုပ်နည်းများနှင့်ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်(SOP)အတိုင်း လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရေရှည်ဆောင်ရွက် ရမည့်လုပ်ငန်းများဖြစ်ပြီး ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရှေးမူမပျက်၊ ရေရှည်တည်တံ့ခိုင်ခံ့ရေးအတွက် ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စာရင်းဇယားများ တိကျမှန်ကန်ရေးနှင့် စနစ်တကျ ပြုစုထိန်းသိမ်းထားခြင်းတို့ကို ကြပ်မတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးများက တိုင်းဒေသ  ကြီးအတွင်း ထိခိုက်ပျက်စီးခဲ့မှုများအပေါ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ တိုင်းဒေသကြီးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာန၊ တိုင်းဒေသကြီးသာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ငလျင်ဘေးသင့်ဒေသများတွင် ဘုရား၊ စေတီ၊ ပုထိုး၊ သာသနိကအဆောက် အအုံများနှင့် ဘာသာရေး အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေ၊ ပြန်လည်ပြုပြင်တည်ဆောက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က  လိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာန၊ တိုင်းဒေသကြီး သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ထွန်းထွန်းနိုင်


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)