ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါး ၂၁၀၆ ဧကထိ ရိတ်သိမ်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါး ၂၁၀၆ ဧကထိ ရိတ်သိမ်းပြီးစီး



ပွင့်ဖြူ ၊ ဇူလိုင် ၈


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော စပါးသီးနှံ ၂၁၀၆ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ ပြည်တွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် စပါး ၁၂၁၄၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ စပါးစိုက်ခင်းများကို ယခုနှစ် ဇွန်လကုန်မှ စတင်ရိတ်သိမ်းခဲ့ရာ ယနေ့ထိ စပါးစိုက်ဧက ၂၁၀၆ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် စပါးတင်းရေ ၁၀၄ ဒသမ ၆၂ တင်းခန့် ထွက်ရှိကြောင်း သိရသည်။


"ပွင့်ဖြူမြို့နယ်မှာ နွေသီးနှံစိုက်ပျိုးရာသီက စပါး ၁၂၁၄၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ယခုနှစ် ဇွန်လကုန်မှစပြီး နွေစပါးစိုက်ခင်းများကို စတင်ရိတ်သိမ်းခြွေလှေ့ခဲ့ရာ ယနေ့ထိ ၂၁၀၆ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ နွေစပါးစိုက်ပျိုးတောင်သူတွေကို သီးနှံအထွက်နှုန်း လျော့နည်းမှုမရှိစေရေးအတွက် အချိန်မီ ရိတ်သိမ်းခြွေလှေ့နည်းစနစ်များ၊ ရိတ်သိမ်းပြီး စပါးများကို အမိုးအကာအောက် အချိန်မီ ရောက်ရှိစေဖို့နဲ့ မျိုးကောင်းမျိုးသန့် ထားသိုထိန်းသိမ်းနည်းစနစ်များကို အသိပညာပေးဆောင်ရွက်ထားပါတယ်။ ဒေသခံတောင်သူတွေ စပါးရိတ်သိမ်းခြင်းကို အချိန်မီ ရိတ်သိမ်းချွေလှေ့နိုင်ရေးအတွက်ကိုလည်း စက်မှုလယ်ယာဦးစီးဌာနက ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။


ပွင့်ဖြူမြို့နယ်၌ နွေစပါးစိုက်ပျိုးရာတွင် မဲဇလီရေလွှဲဆည်ရေ၊ လျှပ်စစ်ဓာတ်အား တွဲဖက်အသုံးပြု ဆိုလာရေတင်စနစ်၊ မြေအောက်ရေတို့ဖြင့် စိုက်ပျိုးကြပြီး ဒေသခံတောင်သူများကို ရာသီအလိုက် သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေများကို လုံလောက်စွာ ရယူသုံးစွဲနိုင်ရန် သက်ဆိုင်ရာဌာနများက ရေလက်တံမြောင်းများမှတစ်ဆင့် လယ်ယာစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးလျက်ရှိသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း သိရသည်။ 


စပါးကို အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် စပါးကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။ 


လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)