တာချီလိတ်မြို့ ဝမ်ကောင်းမြို့မ‌ဈေး၌ ဈေးသူ၊ ဈေးသားများအား Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့ ဝမ်ကောင်းမြို့မ‌ဈေး၌ ဈေးသူ၊ ဈေးသားများအား Covid-19 ရောဂါကာကွယ်ဆေး ထိုးနှံပေး




တာချီလိတ်  ၊ ဇူလိုင် ၈


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဝမ်ကောင်းမြို့မဈေး ဈေးကောင်းရုံး၌ မြို့နယ်စည်ပင်ဌာနရေးဌာနဝန်ထမ်းများနှင့် ကျန်းမာရေးဌာနဝန်ထမ်းများပူးပေါင်း၍ Covid-19 ရောဂါကာကွယ်ဆေးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာရောက်သူများအား ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ကြူကြူသင်းနှင့် တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများက အသက် ၁၈ နှစ် အထက် Covid-19 ရောဂါကာကွယ်ဆေးမထိုးရသေးသူများ၊ ကာကွယ်ဆေးထိုးနှံမှု ၆ လပြည့်ပြီးသူများကို ကာကွယ်ဆေးမထိုးနှံမီ သွေးပေါင်ချိန်တိုင်းတာခြင်း၊ အခြေခံကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကာ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာသူ ၁၂၀ ဦးအား COMIRNATY JN.1 ကာကွယ်ဆေး ထိုးနှံပေးသည်။

အဆိုပါ Covid-19 ရောဂါကာကွယ်ဆေးထိုးနှံလိုသူ ပြည်သူများအနေဖြင့် တာချီလိတ် ပြည်သူ့ဆေးရုံဟောင်းရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် တနင်္လာနေ့မှ သောကြာနေ့တိုင်း ဩဂုတ်လနောက်ဆုံးအပတ်ထိ ကာကွယ်ဆေးအခမဲ့ လာရောက်ထိုးနှံနိုင်ကြောင်း သိရသည်။


ကျော်ဇေယျာလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)