အကြမ်းဖက်လှုံ့ဆော်သူ တေဇာဆန်း က NUG အကြမ်းဖက်အဖွဲ့ ဦးဆောင်သူများကို ဝေဖန် - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်လှုံ့ဆော်သူ တေဇာဆန်း က NUG အကြမ်းဖက်အဖွဲ့ ဦးဆောင်သူများကို ဝေဖန်


အကြမ်းဖက်လှုံ့ဆော်သူ ဝရမ်းပြေး တေဇာဆန်း က ❝ မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်နေပြီဖြစ်တဲ့ NUG ❞ ခေါင်းစဉ်ဖြင့် NUG အကြမ်းဖက်အဖွဲ့ကို ဝေဖန် ပြောဆိုလိုက်သည်။

ဝရမ်းပြေး တေဇာဆန်း က NUG အကြမ်းဖက်အဖွဲ့အား ပြောဆိုထားရာတွင် "ကျနော်တို့ဟာ NUG ကို စတင်ဖွဲ့စည်းစဉ်ကနေ ယနေ့ချိန်ထိ ဒီနိုင်ငံအတွက် အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်မယ့် တော်လှန်ရေးကာလ အစိုးရ၊ တော်လှန်ရေးတပ်ဦးအဖြစ် လက်ခံ၊ ယုံကြည်ထားကြပါတယ်။ အားကိုး အားထားလည်း ပြုပါတယ်။ ဒါက အခုချိန်ထိ ပါပဲ။ ဒါပေမယ့်၊ မထောက်မညှာဘဲ၊ ပုဂ္ဂိုလ်ရေးဘက်လိုက်မှု အမြင်တွေမပါဘဲ အကြမ်းဖက်လှုပ်ရှားမှုကို ရှေးရှုပြီး ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ လက်ရှိ စုဖွဲ့ထားတဲ့ NUG အကြမ်းဖက်အဖွဲ့ဟာ ဒီပြည်သူ့နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်ထိ ခေါ်ဆောင်နိုင်ဖို့အတွက် လုံလောက်တဲ့ ခေါင်းဆောင်မှုစွမ်းရည် ကင်းမဲ့နေတယ်လို့ (ကျနော့်တကိုယ်ရည်အရ) သုံးသပ်ချင်ပါတယ်။ ဒီသုံးသပ်ချက်က ကျနော့်အနေနဲ့ အကြမ်းဖက်လှုပ်ရှားမှုကာလ အချိန်လေးနှစ်ကျော်ငါးနှစ်တာ ဖြတ်သန်းမှု အတွေ့အကြုံအရပ်ရပ်ကို ခြုံငုံပြီးတော့ ရရှိလာတာ ဖြစ်ပါတယ်။ ဒီစကားက အကြမ်းဖက်လှုပ်ရှားမှုကို အမြန် ပြီးမြောက်အောင်မြင်စေလိုတဲ့ စိတ်၊ NUG ကို တော်လှန်ရေးအစိုးရအဖြစ် တကယ်အလုပ်ဖြစ် အားကောင်းစေလိုတဲ့ စိတ်အပြည့်နဲ့ ပြောဆိုတင်ပြခြင်း ဖြစ်ပါတယ်။ NUG အလုပ်ဖြစ်ဖို့လိုတယ်၊ ခေါင်းဆောင်မှု အားကောင်းဖို့လိုတယ်၊ စွမ်းဆောင်ရည် ပြည့်ဖို့လိုတယ်၊ ဒီအတွက် NUG မှာ လက်ရှိ တာဝန်ယူထားကြတဲ့ “လူ” ကော၊ ချမှတ်ဆောင်ရွက်နေတဲ့ “မူ” ပါ လိုအပ်သလို ပြင်ဆင်ပြောင်းလဲဖို့ အရေးကြီးတယ်၊ ဒီပြင်ဆင်ပြောင်းလဲမှုကို အချိန်မနှောင်းမီ လုပ်ကြပါ၊ ဒီအကြမ်းဖက်လှုပ်ရှားမှု အောင်မြင်ဖို့အတွက် NUG အားကောင်းဖို့ လိုအပ်တယ်” အစရှိတဲ့ အကြောင်းအရာတွေကို ကျနော်တို့အနေနဲ့ NUG အကြမ်းဖက်အဖွဲ့က အမြင့်ဆုံးသော တာဝန်ရှိသူများအပါအဝင် အဆင့်ဆင့်သော NUG တာဝန်ရှိသူများကို လူတွေ့ကော အွန်လိုင်းကပါ အပ်ကြောင်းထပ်အောင် ထပ်ခါထပ်ခါ တင်ပြ၊ အကြံပြုခဲ့ပါတယ်၊ အခုလည်း တင်ပြ၊ အကြံပြုနေဆဲပါ။ ဘာတွေကို၊ ဘယ်အကြောင်းအရာ ဘယ်ကဏ္ဍတွေကို ဘယ်လိုမျိုး ပြင်ဆင်ပြောင်းလဲသင့်တယ်ဆိုတဲ့ အသေးစိတ်ကိစ္စအချို့ကိုလည်း ကိုယ်ဉာဏ်မီသမျှ စုစည်း အကြံပြုပါတယ်။" ဟု ပြောဆိုထားသည်။

အကြမ်းဖက်လှုံ့ဆော်သူ ဝရမ်းပြေး တေဇာဆန်း ၏ ရေးသားပြောဆိုမှုတွင် "ဒီအကြမ်းဖက်လှုပ်ရှားမှုအတွက် NUG အားကောင်းရေး လိုအပ်ပုံ၊ ဒီအတွက် ပြင်ဆင်ပြောင်းလဲရေး အရေးကြီးတို့ကို ပြည်သူလူထုထံသို့လည်း လူမှုကွန်ယက်မီဒီယာများကတဆင့် အခါအားလျော်စွာ အသိပေးတင်ပြပါတယ်။ ကျနော့်အမြင်ကို တင်ပြရလျှင် ဒီအကြမ်းဖက်လှုပ်ရှားမှုကြီးကို အမြန်ဆုံး အောင်ပွဲဆင်နိုင်ဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ၊ အင်အားတွေကို စုစည်းရယူနိုင်တာက NUG မှာသာလျှင် အလားအလာနဲ့ အခွင့်အလမ်း အရှိဆုံးဖြစ်ပါတယ်။" ဟု ပြောဆိုထားပြီး NUG လက်အောက်ခံ အဖွဲ့များ၏ အခြေအနေကိုလည်း ရေးသားပြောဆိုထားသည်။

NUG အကြမ်းဖက်အဖွဲ့ ဦးဆောင်သူ အများစုမှာ အမေရိကန်၊ အင်္ဂလန်၊ သြစတေးလျနိုင်ငံများတွင် နိုင်ငံသားများ ခံယူပြီး အကြမ်းဖက်လှုပ်ရှားမှုအတွက် ရရှိသည့် အလှူငွေများဖြင့် နေအိမ်များ ဝယ်ယူပိုင်ဆိုင် နေထိုင်လျက်ရှိသည်။ ပြည်ပနိုင်ငံများသို့ ထွက်ပြေးသွားသည့် NUG အကြမ်းဖက်အဖွဲ့ဝင်များနှင့် ဆက်စပ်သူတချို့ကို နိုင်ငံတော်အစိုးရ က မြန်မာနိုင်ငံသားစာရင်းမှ ပယ်ဖျက်ထားပြီး ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)