ထိုင်းဝန်ကြီးချုပ် ရာထူးကနေ ဆိုင်ငံ့ထား ခံလိုက်ရပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းဝန်ကြီးချုပ် ရာထူးကနေ ဆိုင်ငံ့ထား ခံလိုက်ရပြီ


ဇူလိုင် - ၁ ( အင်္ဂါနေ့ ) 

ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် ထိုင်းဝန်ကြီးချုပ် ပေတောင်တန် ရှင်နာဝပ်ထရာကို ထိုင်းအခြေခံဥပဒေတရားရုံးက ဒီကနေ့ပဲ ရာထူးက ဆိုင်းငံ့လိုက်ပါတယ်။ သူမရဲ့ ရာထူးမှ ဆိုင်းငံ့ခြင်းသည် ရာထူးလက်ခံပြီး တစ်နှစ်အတွင်း ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် ထိန်းသိမ်းခံရသည့် ဒုတိယမြောက် ထိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ 

ကမ္ဘောဒီးယားနှင့် နယ်နိမိတ်အငြင်းပွားမှုကြောင့် အများပြည်သူရဲ့ မကျေနပ်မှုများ ပိုမိုကြုံတွေ့နေရသည့် ထိုင်းခေါင်းဆောင်ကို ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်းတစ်ဦးနှင့် ဖုန်းခေါ်ဆိုမှု ပေါက်ကြားသွားတာကြောင့် ရပ်ဆိုင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ 

သူမရဲ့ညွှန့်ပေါင်း အစိုးရအဖွဲ့မှာ ဝန်ကြီးအချို့ ရာထူးက နှုတ်ထွက်သွားလို့ ဝန်ကြီးအဖွဲ့သစ်ဖွဲ့ဖို့ရာအတွက် သူမက ဝန်ကြီးချုပ်နေရာနဲ့ ယဉ်ကျေးမှုဝန်ကြီး နေရာ တွေကို တာဝန်ယူမယ်လို့ ကြေညာပြီးနောက် ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက သူမအား တာဝန်မှ ရပ်ဆိုင်းရန် ထောက်ခံမဲ ၇ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့  မဲခွဲဆုံးဖြတ်ခဲ့တာပါ။ 

အိမ်နီးချင်းနိုင်ငံနှင့် နယ်နိမိတ်အငြင်းပွားမှုကြားတွင် ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်နှင့် ဖုန်းခေါ်ဆိုမှု ပေါက်ကြားသွာတာကြောင့် ပေတောင်တန် ( ၃၈ နှစ်) က ကြီးမားသော တုံ့ပြန်မှုနှင့် ရင်ဆိုင်နေရပါတယ်။  ပေါက်ကြားလာသော အသံတိပ်ခွေတွင် ထိုင်းဝန်ကြီးချုပ်သည် ကမ္ဘောဒီးယားခေါင်းဆောင်အား “ဦးလေး” လို့ ခေါ်တဲ့အကြောင်း၊ ဟွန်ဆန် လိုချင်တာတစ်ခုခုရှိရင် လုပ်ပေးပါမယ် ဆိုတဲ့အကြောင်းတွေ ပါပါတယ်။  

ဝန်ကြီးချုပ်ရဲ့ဖုန်းခေါ်ဆိုမှု ပေါက်ကြားမှုအပြီးတွင် ရှင်နာဝပ်ထရာအစိုးရအတွက် အဓိက မဟာမိတ်အဖွဲ့ဝင် ပါတီဖြစ်တဲ့ ဘူမိဂျေထိုင်းပါတီ က အစိုးရအဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီး “တိုင်းပြည်၊ ပြည်သူနှင့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးစေတယ်” လို့ပြောကြားခဲ့ပါတယ်။ 

ထိုင်းအစိုးရ ပြိုကျလုနီးပါးဖြစ်နေသည့်အချိန်တွင် ဝန်ကြီးချုပ်ရာထူးမှ ဆင်းပေးရန် တောင်းဆိုတဲ့ ဆန္ဒပြသူ အများအပြားက ဘန်ကောက်မြို့၏ လမ်းများပေါ်သို့ တက်လာခဲ့ကြပါတယ်။ 

ပေတောင်တန်က ဖုန်းခေါ်ဆိုမှုကိစ္စကို တရားဝင်တောင်းပန်မှု လုပ်ခဲ့ပေမဲ့ ရာထူးက နုတ်ထွက်ဖို့ကိုတော့ ငြင်းဆန်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော်သွားလာမှုများကို ကန့်သတ်ရန် နှစ်နိုင်ငံစလုံးက ချမှတ်ထားလိုက်တာကြောင့် ကမ္ဘောဒီးယားနှင့် နယ်နိမိတ်အငြင်းပွားမှုမှာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ 


REF: Hindustan Times

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)