ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ်တစ်ထောင်ကျော်ဖြင့် အရောင်းအဝယ် ဖြစ်ထွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ်တစ်ထောင်ကျော်ဖြင့် အရောင်းအဝယ် ဖြစ်ထွန်း




ပခုက္ကူ  ၊ ဇူလိုင် ၈


မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဈေးကွက်အတွင်း တင်ပို့ရောင်းချသည့် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ်တစ်ထောင်ကျော်ဖြင့် အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း ကြက်သွန်စိုက်တောင်သူများထံက သိရသည်။


“မြန်မာ့ထွက်ကုန်ဖြစ်သည့် ကြက်သွန်နီများကို ပခုက္ကူမြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူများထံက အများဆုံးဝင်ရောက်လာကြောင်း၊ ယခုနှစ်ဇူလိုင်လအတွင်း ကြက်သွန်ဝင်ရောက်မှု ပျမ်းမျှပိဿာချိန် ၂၀၀၀၀ မှ ၃၀၀၀၀ ခန့်အထိ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း၊ လက်ရှိတွင် ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၉၀၀ မှ ၁၁၅၀ အထိ ဈေးနှုန်းရရှိကြောင်း၊ ပြည်တွင်းဝယ်ယူစားသုံးမှုနှင့် ပြည်ပနိုင်ငံများထံ တင်ပို့ရောင်းချနိုင်မှု အခြေအနေတို့ပေါ်မူတည်ပြီး ကြက်သွန်ဈေး အတက်အကျရှိကြောင်း” ပခုက္ကူကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။


မြန်မာ့ထွက်ကုန်ကြက်သွန်သီးနှံကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးရှိ အညာဒေသကျေးရွာများ၌ သဲချောင်းနေရာများနှင့် မြစ်ကမ်းနံဘေးရှိ ကျွန်းမြေနေရာတို့တွင် အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ပြည်ပနိုင်ငံများထံကိုလည်း တင်ပို့ရောင်းချနေရကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)