ဒက္ခိဏသီရိမြို့နယ်တရားရုံးတွင် အောင်ကိုမိုး ရုံးထုတ်၊ လိုပြသက်သေများ ဆက်လက်စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒက္ခိဏသီရိမြို့နယ်တရားရုံးတွင် အောင်ကိုမိုး ရုံးထုတ်၊ လိုပြသက်သေများ ဆက်လက်စစ်ဆေး



နေပြည်တော်၊ ဇူလိုင် ၈

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် MICC-2 တွင်း ကျင်းပခဲ့သည့် အကယ်ဒမီပေးပွဲတွင် အောင်ကိုမိုး ၏ ဝတ်စားဆင်ယင်မှုသည် ဗုဒ္ဓဘာသာကို ပျက်ရယ်ပြုစော်ကားမှုဖြင့် ဒက္ခိဏသီရိမြို့နယ်တရားရုံးတွင် အမှုဖွင့်တိုင်ကြားထားရာ ယနေ့ ရုံးချိန်းတွင် လိုပြသက်သေများကို ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။

လိုပြသက်သေများထဲမှာ ဦးထွန်းထွန်းဝင်း နှင့် ဦးခင်မောင်ဇော်တို့ (၂)ဦးကို စစ်ဆေးခဲ့ပြီး အခြားလိုပြသက်သေများကို ဆက်လက်စစ်ဆေးရန် စီစဉ်ထားသော်လည်း ရုံးချိန်ကျော်လွန်သွားသဖြင့် ရပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ရုံးချိန်းသို့ နေပြည်တော်အမျိုးသားရေး ဦးဆောင်ဆရာတော်များ၊ လိုပြသက်သေများ အစုံအလင် လာရောက်ခဲ့ကြောင်း၊ တရားခံဘက်မှ ရှေ့နေကလည်း ထပ်တိုးသက်သေများ တင်သွင်းခဲ့ကြောင်း၊ တရားလို ရှေ့နေမှ ကန့်ကွက်သင့်သည်များကို ကန့်ကွက်ခဲ့သဖြင့် တရားသူကြီးက အဆုံးအဖြတ်ပေးခဲ့ကြောင်း သိရသည်။

နောက်တစ်ပတ် ရုံးချိန်းကို ၂၂-၇-၂၀၂၅ ရက်နေ့ ထပ်မံချိန်းဆိုထားပြီး ကျန်လိုပြသက်သေများကို ဆက်လက်စစ်ဆေးသွားရန် ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)