စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဝါဆိုသင်္ကန်းကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဝါဆိုသင်္ကန်းကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနား ကျင်းပ

 



စလင်း  ၊  ဇူလိုင်  ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ်(၁)အခြေခံပါအထက်တန်းကျောင်း၌  ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်  ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနားကို  ယနေ့နံနက် (၈) နာရီအချိန်က အဆိုပါကျောင်းရှိ  ဘုရားရှိခိုးဆောင်တွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍  စိန်ပန်းကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး   ဆရာတော်အရှင်သူမြတ်များမှ  ရွတ်ပွားချီးမြှင့်တော်မူသည့်  မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် စိန်ပန်းကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်တို့အား အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ထွန်းနှင့် ဆရာ၊  ဆရာမများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူတန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက်  ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


မောင်လွင်(စလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)