စစ်ကိုင်း၊ ဇူလိုင် ၈
စစ်ကိုင်းမြို့နယ်၊ ဝါးချပ်ကျေးရွာ သင်္ဂျိုင်းကုန်းအနီးတွင် PDF အကြမ်းဖက်အဖွဲ့ ခိုအောင်းနေကြောင်း၊ ဒေသခံ ခရီးသွားပြည်သူများ၊ နိုင်ငံဝန်ထမ်းများ ဖြတ်သန်းသွားလာရာတွင် အန္တရာယ်ရှိနေကြောင်း ဒေသခံ က ဆက်သွယ် သတင်းပေးပို့ထားသည်။
ဒေသခံ က "ဝါးချပ်မှာက ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းတွေလည်း များတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ဆုံဆည်းရာဆိုင်ရှင်ကို PDF တွေက ဖမ်းခေါ်သွားတဲ့ ဖြစ်စဉ်လည်း ရှိတယ်။ ခရီးသွားပြည်သူတွေ၊ နိုင်ငံဝန်ထမ်းတွေအတွက် အန္တရာယ်ရှိနေတယ်။ ဖြတ်သန်းသွားလာတဲ့အခါ စိုးရိမ်နေရတယ်။ သူတို့ခိုအောင်းနေတာက ဝါးချပ် သင်္ဂျိုင်းနဲ့ နီးတယ်။ လုံခြုံရေးတပ်ဖွဲ့တွေတော့ ထိခိုက်တာတွေ မဖြစ်သေးဘူး ဆိုပေမယ့် ပြည်သူ့စစ်တွေ အတိုက်ခံရတာမျိုး၊ အသတ်ခံရတာတမျိုး ရှိတယ်။ ဒီနေရာကို သေသေချာချာလေး ရှင်းလင်းပေးဖို့ လိုအပ်နေတယ်။" ဟု ပြောသည်။
မြို့နဲ့လည်း ကပ်နေတာ ဖြစ်တဲ့အတွက် စိုးရိမ်ရသည့် အခြေအနေဖြစ်နေခြင်းကြောင့် တာဝန်ရှိသူများအနေဖြင့် ဝါးချပ်ကျေးရွာအနီးဝန်းကျင်တွင် ခိုအောင်းနေသည့် PDF အကြမ်းဖက်အဖွဲ့များကို ရှင်းလင်းဆောင်ရွက်သင့်ကြောင်း သတင်းပေးပို့ထားခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment