မြောက်ဥက္ကလာပ၊ ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်၊ စကားဝါလမ်းရှိ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းပိုင် မူကြိုကျောင်းရှိ ကလေးသူငယ်များအား အာဟာရတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။
ထိုသို့အာဟာရတိုက်ကျွေးပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နှင့် အမျိုးသမီးရေးရာအဖွဲ့ တို့မှ တာ၀န်ရှိသူများပူးပေါင်း၍ မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်ရှိ မိခင်နှင်ကလေးမူကြိုကျောင်းရှိ မူကြိုကလေးငယ်(၄၁)ဦးအား အာဟာရဖြည့်စွက်များတိုက်ကျွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment