မင်းလှမြို့နယ်တွင် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ကျောင်းသားများကို ဗလာစာအုပ်များ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်တွင် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ကျောင်းသားများကို ဗလာစာအုပ်များ ပေးအပ်လှူဒါန်း





မင်းလှ၊ ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဝေဠုဝန်ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြား‌နေသည့် ကျောင်းပြင်ပမူလတန်းပညာရေး (NFPE) ကျောင်းသားများကို ဗလာစာအုပ်များပေးအပ်လှူဒါန်းခြင်းကို ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီက‌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ထူး၊ မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်ချို၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင်ရှောက်ရေးအသင်းတို့က Leavl (1) ၊ Leavl (2) ပညာသင်ကြားနေသည့် ကျောင်းသား(၄၀)ဦးအား ဗလာစာအုပ်၊ မျက်နှာသုတ်ပဝါ၊ အချိုရည်ဗူးများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ပေါက်စ (မင်းလှ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)