ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများအား ကြိုဆိုပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများအား ကြိုဆိုပွဲကျင်းပ





ဟိုပုံး  ၊ ဇူလိုင် ၁၄


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅/၂၀၂၄) သင်တန်းတက်ရောက်မည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများကို ယမန်နေ့ညနေ ၃ နာရီအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် ကြိုဆိုခဲ့ကြသည်။

ထိုသို့ကြိုဆိုရာတွင် ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုးနှင့် အရာရှိကြီးများ၊ စစ်သည်များ၊ မိသားစုဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးမျိုးအောင်နှင့်  အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်၏ အဆင့်ဌာနဆိုင်ရာများက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁၅/၂၀၂၄) သင်တန်းတက်ရောက်မည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများအား အမွေးနံ့သာရည်များ၊  အောင်သပြေများဖြင့် လှိုက်လှဲစွာကြိုဆိုခဲ့ကြကြောင်း သိရသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ဘုရင့်နောင်ခန်းမတွင် ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုးက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅/၂၀၂၄)သင်တန်းတက်ရောက်မည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီးနောက် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


ပအိုဝ်းဒေသ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)