ရန်ကုန်၊ ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာမြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ(၁၀၀)ဦးတက်ရောက်ခဲ့ကြပြီး၊ သင်တန်းကို သင်တန်းအပတ်စဉ်အလိုက် နှစ်ရက်သင်တန်းများ ဆက်လက်၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် တာဝန်ရှိသူများက နိုင်ငံတော်အစိုးရမှ ရွေးကောက်ပွဲကျင်းပရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုပုံနှင့် ပတ်သက်၍ တက်ရောက်လာသူများကို ရှင်းလင်း သရုပ်ပြ မဲပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
https://t.me/MyanmarNationalPost







No comments:
Post a Comment