တနင်္သာရီတိုင်းဒေသကြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်‌‌နေမှုများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်‌‌နေမှုများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြား





ကော့သောင်း၊ ဇူလိုင် ၁

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ရှိ ကော့သောင်းခရိုင်နှင့်မြို့နယ်တရားရုံးသစ် အဆောက်အဦ တည်ဆောက်သည့် လုပ်ငန်းအဆောက်အဦနှင့် ခရိုင်နှင့်မြို့နယ်ဥပဒေရုံးသစ်ဆောက်လုပ်မည့် လုပ်ငန်းနေရာများသို့ ယနေ့နံနက် (၁၀) နာရီခန့်က သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကော့သောင်းခရိုင်နှင့် မြို့နယ်တရားရုံးသစ် ဆောက်လုပ်နေသည့်အဆောက်အဦနေရာသို့ သွားရောက်ခဲ့ပြီး အဆောက်အဦအ‌ချောသပ်ဆောက်ရွက်ပြီးစီးမှုအခြေအနေများ၊ အဆောက်အဦီအတွင်း အခန်းဖွဲ့စည်းဆောင်ရွက်ထားရှိမှုများနှင့် လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားသည်။ ယင်းနောက်ခရိုင်နှင့် မြို့နယ်ဥပဒေရုံးသစ် ဆောက်လုပ်မည့် လုပ်ငန်းအခြေအနေများအား ကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)