စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်း




နေပြည်တော်၊ ဇူလိုင် ၂၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းခြင်းကို အမိန့်ကြော်ငြာစာအမှတ် ၁၀၂ / ၂၀၂၅ ဖြင့် ( ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက် ) နေ့က ထုတ်ပြန်ထားသည်။

စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီ ကို ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး အလုပ်သမားဝန်ကြီးဌာန ဒုတိယဥက္ကဋ္ဌ ( ၁ ) အဖြစ် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။

ကော်မတီအနေဖြင့် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသော ပြည်သူ့စစ်မှုထမ်းများသည် ရန်သူကြောင့် မသန်မစွမ်းဖြစ်မှု EA1၊ EA2 နှင့် NEA များကို အမြဲတမ်းစစ်မှုထမ်းများနည်းတူ စစ်ရေးချုပ်ရုံးကွပ်ကဲမှုအောက် ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံး အစီအစဉ်ဖြင့် အမြဲတမ်းစစ်မှုထမ်း EA များနည်းတူ ပြန်လည်နေရာချထားနိုင်ရေး ဆောင်ရွက်ပေးရန်၊ အမြဲတမ်းစစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းများနုတ်ထွက်ခွင့်ပြုချိန်တွင် ပြန်လည်. နေရာချထားမှုခံယူ လို / မလို ဆန္ဒအလျောက် လျှောက်ထားတင်ပြစေပြီး ပြန်လည် နေရာချထားမှု ခံယူလိုသူများအား ၎င်းတို့ဆန္ဒပြုသည့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းအလိုက် နိုင်ငံတော်နှင့်တပ်မတော်မှ အသက်မွေးသင်တန်းများပေးနိုင်ရေး ဆောင်ရွက်ပေးရန်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ သက်ဆိုင်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများအား အဆင့်မီစွာ သင်ကြားပေးနိုင်ရေး ဆောင်ရွက်ပေးရန်၊ ပြန်လည်နေရာချထားမှုခံယူလိုသော အမြဲတမ်းစစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းများအား တက်ရောက်အောင်မြင်ခဲ့သည့် အသက်မွေးသင်တန်းကျောင်းမှ အသိအမှတ်ပြု လက်မှတ် (Certificate of Recognition) ထုတ်ပေးရန်၊ အသက်မွေးသင်တန်းအမျိုးအစားအလိုက် အသိအမှတ်ပြုလက်မှတ်များအား အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်း၊ ဌာနများမှ အသိအမှတ်ပြု၍ အလုပ်နေရာခန့်ထားပေးရေး ဆောင်ရွက်ပေးရန်၊ အမြဲတမ်းစစ်မှုထမ်းများအတွက် တပ်မတော်ထွက်ခွင့်လက်မှတ် (တပ်မတော်ပုံစံ ရေး-၈၈)နှင့် ပြည်သူ့စစ်မှုထမ်းများအတွက် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ(၁၂) ကိုင်ဆောင်ထားသူများ ပြန်လည်နေရာချထားမှုခံယူလိုပါက သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများက ဦးစားပေးအလုပ်အကိုင် ခန့်ထားပေးနိုင်ရေး (ပြည်တွင်း/ ပြည်ပအလုပ်အကိုင်များ) မူဝါဒ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ သတ်မှတ်ဆောင်ရွက်ပေးရန် ဖြစ်သည်။

ပြန်လည်နေရာချထားမှုခံယူလိုသော အမြဲတမ်းစစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းများအား အလုပ်သမားဝန်ကြီးဌာနမှ ပြည်တွင်းအလုပ်သမားကတ် (Labour Card)၊ : (OWIC - Overseas Worker Identification Card) ပြုလုပ်ထုတ်ပေးခြင်းနှင့် ပြည်ပအလုပ်အကိုင်ရရှိရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)