ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီးရှိ NGO အဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာအဖွဲ့များနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မန္တလေးတိုင်းဒေသကြီးရှိ NGO အဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာအဖွဲ့များနှင့် တွေ့ဆုံ














နေပြည်တော်၊ ဇူလိုင် ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်း၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကျော်မိုးတို့နှင့်အတူ ၁၉-၇-၂၀၂၅ ရက်နေ့ နံနက် ၀၉ ၀၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီးပါတီရုံး ခန်းမ၌ NGO အဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာအဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အခမ်းအနားကို (၂)ပိုင်းခွဲ၍ ပြုလုပ်ခဲ့ပြီး ပထမပိုင်းအခမ်းအနားတွင်  NGO အဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့(၄၀)ကျော်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော အသင်းအဖွဲ့များမှ လူမှုကူညီရေးဆိုင်ရာလုပ်ငန်းများတွင် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့် လိုအပ်ချက်များ၊ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး သိလိုသည့်အချက်များအပါအဝင် မေးခွန်းများအား  ဆွေးနွေးမေးမြန်းကြရာ ပါတီဥက္ကဋ္ဌမှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

ဒုတိယပိုင်းအခမ်းအနားဖြစ်သည့် သတင်းမီဒီယာအဖွဲ့များနှင့် ဆက်လက်တွေ့ဆုံခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ ပါတီ၏ဆောင်ရွက်နေမှုလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားခဲ့ရသည့် ပြည်သူများအတွက် ပါတီမှ ထောက်ပံ့ကူညီခဲ့မှုများ၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နိုင်ငံသားများအနေဖြင့်ကူညီဆောင်ရွက်ပေး စေလိုသည့်ကိစ္စများအား အကျယ်တဝံ့ရှင်းလင်းဆွေးနွေးခဲ့ပြီး သတင်းထောက်များမေးမြန်းသော မေးခွန်းများအား ပြန်လည်ဖြေကြားကာ တွေ့ဆုံပွဲအခမ်းအနားအား နေ့လည် ၁၂ ၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)