မလှိုင်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) လက်တွေ့ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလှိုင်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) လက်တွေ့ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်



မလှိုင်၊ ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) လက်တွေ့ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက အ.ထ.က(မလှိုင်) ဧရာဝတီခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်စိုးမြတ်သဇင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) လက်တွေ့ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများများက ဆင့်ပွားသင်တန်းဖွင့်လှစ်ရန် ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ လက်တွေ့ကိုင်တွယ်အသုံးပြုနည်းဆင့်ပွားသင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ ပါဝင်သည့် ဆက်စပ်ပစ္စည်းများနှင့် မဲပေးစက်များအားစစ်ဆေးခြင်း၊ အီလက်ထရောနစ်မဲပေးစက်လက်တွေ့တပ်ဆင်လေ့ကျင့်ခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ မဲရုံတွင်မဲပေးစက်များ အသုံးပြုရန်ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်မဲပေးခြင်း၊ ရွေးကောက်ပွဲနေ့တွင် စမ်းသပ်မဲပေးခြင်းအားလက်တွေ့လေ့ကျင်းခြင်း မဲရုံဖွင့်ချိန်၊ မဲပေးချိန်နှင့် မဲရုံပိတ်ချိန်တို့၌ ဆောင်ရွက်ရန်များ၊ လက်တွေ့သရုပ်ပြခြင်းများ၊ သင်ခန်းစာများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခြင်းနှင့် လက်တွေ့ကိုင်တွယ်လေ့ကျင့်ခြင်း သင်ခန်းစာများကို သင်တန်းသား ဆရာ၊ ဆရာမ ၆၃၈ဦးဖြင့် ရက် ၂၀ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)