မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ




ညောင်တုန်း ဇူလိုင် ၇


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄)မြို့နယ် အသက်(၂၅)နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်လွဲပိုင်းက မြို့နယ်ဘောလုံးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။



အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်နှင့် ဓနုဖြူမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား(၄)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကိုကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် ဆု‌ချီးမြှင့်ပွဲကိုကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က ဘောလုံးဒိုင်အဖွဲ့အား ဂုဏ်ပြုငွေများပေးအပ်ခဲ့ပြီး မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက်နေရာအလိုက် ဂိုး၊ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းနှင့် အကောင်းဆုံး ဘောလုံးသမားဆု ရရှိကြသူများအား ဆုတံဆိပ်နှင့် ငွေသားဆုများကို မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်နှင့် ဓနုဖြူမြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့ကလည်းကောင်း၊ နှစ်သိမ့်ဆုရရှိ‌သော မအူပင်မြို့နယ်အသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃)က ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ တတိယဆုရရှိသော ဓနုဖြူမြို့နယ်အသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)က ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ညောင်တုန်းမြို့နယ်အသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်း‌ရေးမှူးက ဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ ပထမဆုရရှိသော ပန်းတနော်အသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က ပထမဆုဖလားနှင့် ငွေသားဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)