ယီမင်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယီမင်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေလုပ်


ဇူလိုင် - ၇ ( တနင်္လာနေ့ ) 

ဒီနေ့ မနက်ပိုင်းမှာ အစ္စရေးက ယီမင်နိုင်ငံရှိ အဓိကအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားပြီး ကျယ်ကျယ်ပြန့်ပြန့် ဗုံးကြဲတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ပြီး အစ္စရေး ကာကွယ်ရေးတပ် (IDF) က ဟူသီအကြမ်းဖက်များက အစိုးရပိုင် ဆိပ်ကမ်းများနှင့် ဓာတ်အားပေးစက်ရုံများကို စစ်ရေးအရ အသုံးပြုနေတယ်ဆိုပြီး စွပ်စွဲလိုက်ပါတယ်။ 

အလံနက်လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ယီမင် နိုင်ငံကို ဗုံးကြဲတိုက်ခိုက်ရန် ကာကွယ်ရေးဝန်ကြီး အစ္စရေးကာ့တ်ဇ် က IDF ကို အမိန်းပေးခဲ့ပါတယ်။  

တိုက်ခိုက်မှုများသည် ယီမင်ရှိ ဆိပ်ကမ်းများအပြင် ဓာတ်အားပေးစက်ရုံတစ်ရုံတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။ ပစ်မှတ်ထားသော နေရာများ အနီးတစ်ဝိုက်ရှိ ဧရိယာများတွင် ကျယ်လောင်သော ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေရဲ့ ဆိုရှယ်မီဒီယာ ပေါ်က ပို့စ်တွေအရသိရပါတယ်။ 

“ဒီဆိပ်ကမ်းတွေက အစ္စရေးနဲ့ မဟာမိတ်တွေအပေါ် အကြမ်းဖက်စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့အတွက် အီရန်အစိုးရဆီကနေ ဟူသတွေ လက်နက်တွေ လွှဲပြောင်း အပေအယူ လုပ်နေတဲ့နေရာတွေပါ” လို့  IDF က ပြောကြားခဲ့ပါတယ် ။ ပြီးခဲ့တဲ့ အီရန်-အစ္စရေး ၁၂ ရက်စစ်ပွဲအတွင်းက အစ္စရေးနိုင်ငံသို့ ဒရုန်းများနှင့် ဒုံးကျည်တိုက်ခိုက်မှုများကို ဟူသီထိန်းချုပ်ထားသော နယ်မြေတွေကနေ ပစ်လွှတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အဒိနေ့ရာတွေကို လက်နက်တွေ ရောက်လာဖို့အတွက် လက်ရှိ အစ္စရေးတိုက်ခိုက်ခဲ့တဲ့ ဆိပ်ကမ်းတွေက နေတစ်ဆင့် လာတာပါလို့လည်း ဆိုပါတယ်။ 

IDF ၏ အဆိုအရ ၎င်းတို့ပစ်ခတ်ခဲ့တဲ့ ပစ်မှတ်များထဲမှ တစ်ခုက ၂၀၂၃ခုနှစ် နိုဝင်ဘာလတုန်းက ဟူသီတွေ သိမ်းထားခဲ့တဲ့ ကုန်တင်သင်္ဘော ဂလက်ဆီ လီဒါ ဖြစ်ပြီး ဟူသီတွေက အဲ့ဒိသင်္ဘောကို ပင်လယ်နီအတွင်း ရေကြောင်းသွားလာမှုကို စောင့်ကြည့်ရန် ရေဒါစနစ်ကို သင်္ဘောမှာ တပ်ဆင်ထားကြောင်း IDF က အခိုင်အမာ ပြောကြားခဲ့ပါတယ်။ 

IDF က တရားဝင်ပစ်မှတ်အဖြစ် ဖော်ပြထားခဲ့တဲ့ ဓာတ်အားပေးစက်ရုံက ဟူသီစစ်တပ်ရဲ့ စစ်ဆင်ရေးများအတွက် အဓိကလျှပ်စစ်ဓာတ်အားရရှိရေး အချက်အချာအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း ကို “ဒါဟာ ဟူသီတွေက အရပ်သားအခြေခံအဆောက်အအုံကို ဘယ်လိုအသုံးပြုသလဲဆိုတဲ့ နောက်ထပ်ဥပမာတစ်ခုပါပဲ” လို့ IDF က အခိုင်အမာဆိုလိုက်ပါတယ်။ "ကျနော်တို့က ယီမင်ကို အီရန်လို ဆက်ဆံသွားမှာပါ" လို့ ၎င်းရဲ့ အိတ်မီဒီယာ မှာကာ့တ်ဇ် ကပြောသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)