ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြိုနယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြိုနယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှုအားပေး







ပဲခူး၊ ဇူလိုင် ၇

 ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲဝင် ဝန်ကြီးများ နှင့်အတူ ဇူလိုင်လ(၇)ရက်နေ့၊ နံနက်ပိုင်းက ဝေါမြိုနယ်အတွင်း စားရေရိက္ခာဖူလုံစေရေး ကွင်းဆင်း ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြိုနယ်၊ ကျိုက်လှစံပြကျေးရွာရှိ မိုးစပါးအကွက်ကျယ်စံပြကွက်အတွင်း စုပေါင်းမြေဩဇာကြဲပတ်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံမိုးစပါးစိုက် တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးပြီးပါက မြေဆီဩဇာပြန်လည်တိုးတက်စေရေး ပဲတစ်မျိုးမျိုး ပြန်လည်စိုက်ပျိုးသွားရန်၊ တူးဖော်ပေးထားသည့် ရေပေးမြောင်းများ ရေရှည်အသုံးပြုနိုင်စေရေး ဒေသခံတောင်သူများက ထိန်းသိမ်းစောင့်ရှောက်သွားရန်၊ ရေမြေသဘာဝနှင့်ကိုက်ညီပြီး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိသည့် မျိုးကောင်းမျိုးသန့်များ အလုံအလောက်ရရှိရေး ဆောင်ရွက်ပေးရန်၊ ရေကြီးရေနက်ကွင်းများအတွက် ကြိုတင်ပျိုးထောင်ထားရန်၊ သက်ဆိုင်ရာမြိုနယ်အလိုက် ရေကြီး ရေနက်ကွင်းများရှိ လယ်မြေများအား မိုးကောင်းသောက်လယ်မြေအဖြစ် ရောက်ရှိစေရေး ပြန်လည် တူးဖော်ပေးရမည့် ရေထုတ်မြောင်းများ တွက်ချက်တင်ပြပေးရန်၊ သဘာဝမြေဩဇာသုံးစွဲမှုတိုးတက်စေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ 

၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကျိုက်လှကျေးရွာရှိ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာမွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော ဦးမင်း၏ ဥစားဘဲ ကောင်ရေ(၂၂၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တိရိစ္ဆာန်အစာ ထုတ်လုပ်ကျွေးမွေးသွားရန်၊ မိုးစပါးစိုက်ခင်းများရှိ သဘာဝအစာ(ကွင်းစာ)များ ကျွေးမှသာ စျေးနှုန်းသက်သာသည့် ဥများထုတ်လုပ်နိုင်မှာဖြစ်ကြောင်း၊ ဝေါဒေသသည် ဘဲမွေးမြူရေး အတွက် အကောင်းဆုံးရေမြေသဘာဝပိုင်ဆိုင်ထားပြီးဖြစ်၍ ဘဲမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်နှင့် အသားထုတ်လုပ်မှု တိုးတက်စေရေး ဒေသကြက်နှင့် ဒေသဝက် မွေးမြူရေးလုပ်ငန်းများလည်း တိုးချဲ့ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)