ပေါင်၊ ဇူလိုင် ၂၂
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်း ဆိုင်ရာ ကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်းနှင့် လက်တွေ့ သရုပ်ပြစမ်းသပ် မဲပေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီ ကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင် က မြန်မာအီလက်ထရောနစ် မဲပေးစက် အသုံးပြုခြင်းဆိုင်ရာကိုင်တွယ် ထိန်းသိမ်းနည်းသင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ပြုလုပ်ခြင်းကို ဆရာ၊ ဆရာမများ တက်ရောက်ရာတွင် လွယ်ကူစေရန်အတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် သင်တန်းသား သင်တန်းသူများအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းများအား တတ်သိနားလည်အောင် ပို့ချပေးရန်လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းတွင် အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက်များ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲနေ့ မတိုင်မီ မဲရုံတွင် မဲပေးစက်များ ကြိုတင် ပြင်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် စမ်းသပ်မဲပေးခြင်း၊ မဲပေးချိန်တွင် မဲပေးစက်များ ကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ရန် အခြေအနေ၊ မဲရေတွက်ခြင်း၊ မဲပေးနေစဉ်အတွင်း အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆန္ဒမဲဖြတ်ပိုင်းများ ရေတွက်ရမည့်အခြေအနေစသည့် အကြောင်းအရာများကို စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် လက် တွေ့ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းကို ဇူလိုင်လ ၂၄ ရက်မှ ဇူလိုင်လ ၂၇ ရက်နေ့ အထိ ပေါင်မြို့နယ်အတွင်းရှိ ကဒါရပ်ကွက် သာသနာ့ဗိမာန်၌ ဖွင့်လှစ်၍ မဲရုံတွင် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ စုစုပေါင်း (၆၅၇) ဦးအား သင်တန်းဆရာ(၈)ဦးက ခေတ်မီနည်းဖြင့် သင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost




No comments:
Post a Comment