ဇူလိုင် - ၂၂ ( အင်္ဂါနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့က အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုကို အရှေ့အလယ်ပိုင်းမှာ ဝါရှင်တန်အစိုးရရဲ့ သံတမန်ရေးကြိုးပမ်းမှုတွေကို ပျက်စီးအောင်လုပ်နေတဲ့ အရူးကြီး တစ်ယောက် အဖြစ် ရှုမြင်ကြောင်း Axios သတင်းဌာနက ဖော်ပြလိုက်ပါတယ်။
ဆီးရီးယားတောင်ပိုင်းမှာ ဒရူဇီ နဲ့ ဘီဒူရင် လူမျိုးစုတွေ တိုက်ခိုက်မှုတွေ ဖြစ်တာကို ဆီးရီးယား အစိုးရစစ်တပ်က သွားရောက်ဖြေရှင်းတာနဲ့ ပတ်သက်ပြီး အစ္စရေးက လက်တုံ့ပြန်တယ်လို့ ဆိုကာ ဆီးရီးယားအစိုးရတပ်ဖွဲ့များနှင့် စစ်ဌာနချုပ်တို့ကို အစ္စရေးက ပြီးခဲ့တဲ့ သီတင်းပတ်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ စနေနေ့မှာ အပစ်အခတ် ရပ်စဲရေး လုပ်ပုံရလိုက်ပါတယ်။
“ဆူဝေဒါ ပြည်နယ်မှာ ရက်အတော်ကြာ သွေးထွက်သံယိုဖြစ်ပြီးနောက်၊ ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့တွေဟာ မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ တပ်ဖြန့်ချထားပြီး အခြေအနေတွေကို ငြိမ်သက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်” လို့ ဆီးရီးယားပြည်ထဲရေးဝန်ကြီးက ၎င်းရဲ့ အိတ်စ်မီဒီယာမှာ ရေးတင်ခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲထားသော်လည်း နေတန်ယာဟုရဲ့ အပြုအမူ နဲ့ မူဝါဒများကြောင့် အမေရိကန်အရာရှိများသည် “သိသိသာသာ ပို၍ ထိတ်လန့်နေကြပါတယ်” လို့ Axios က တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။
ဒီဘဲက အရူးတစ်ယောက်လို လိုက်လုပ်နေတယ်၊ ဘာဖြစ်ဖြစ် သူက အရာအားလုံးကို တစ်ချိန်လုံး ဗုံးကြဲနေတယ်။ ဒါက ထရမ့် လုပ်နေတာတွေကို ပျက်ပြားသွားစေနိုင်ပါတယ်” လို့ အိမ်ဖြူတော် အရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီးဖော်ပြခဲ့ပါတယ်။ “ကျနော်တို့ သမ္မတက ငြိမ်းချမ်းရေးကို ရှာမဲ့အစား ဗုံးလိုက် ကြဲချနေတာကို မကြိုက်ပါဘူး။ ဆီးရီးယားကို ကြီးကျယ်ခမ်းနားတဲ့ ပြန်လည်တည်ဆောက်မှုတွေနဲ့ ကူညီဖို့ ကြေညာချက်တွေ ထုတ်ခဲ့တာပါ” လို့ ၎င်း အရာရှိက ဆက်ပြောပါတယ်။
တနင်္လာနေ့တွင် အိမ်ဖြူတော်ပြောခွင့်ရအမျိုးသမီး ကာရိုလင်းလီအာဗစ် ကလည်း ဆီးရီးယားကို အစ္စရေးတိုက်ခိုက်မှု နဲ့ ဂါဇာရှိ တစ်ခုတည်းသော ကက်သလစ်ဘုရားကျောင်းကို အစ္စရေးက တိုက်ခိုက်မှု နှစ်ခုစလုံး ကို ထရမ့်က သတိမထားမိကြောင်း အတည်ပြုခဲ့ပြီး “ကိစ္စရပ်နှစ်ခုစလုံးအတွက် သမ္မတက ဝန်ကြီးချုပ်ကို အမြန်ခေါ်ပြီးတွေ့ ဆုံခဲ့တာပါ” လို့ပြောပါတယ်။ နေတာယာဟု ရုံးကတော့ ဂါဇာက ဘုရားရှိခိုးကျောင်းကို တိုက်ခိုက် မိတာကို နောင်တရကြောင်း နဲ့ ဆီးရီးယား တောင်းပိုင်းက ဒရူဇီလူမျိုးတွေကို ကာကွယ်ဖို့ ဆီးရီးယားကို တိုက်ခိုက်ခဲ့တာပါလို့ ထုတ်ပြန်သွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment