မြောက်ဥက္ကလာပမြို့နယ် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးနှင့် လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးနှင့် လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ




မြောက်ဥက္ကလာပ၊ ဇူလိုင်  ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး နှင့် လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန် ကျန်းမာရေးဦးစီးဌာနအစည်း အဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် (၁)ဗိုလ်မှူးဖြိုးဝေလင်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်းက သွေးလွန်တုပ်ကွေးရောဂါသည် (Arbo-virus) အမျိုးအစား ဖြစ်သော ဒင်ဂီးဗိုင်းရပ်စ်ပိုး( Dengue virus  )သယ်ဆောင်သောခြင်ကျား (Aedes  ) ကိုက်ခြင်း ကြောင့်ဖြစ်ပွား ရခြင်းဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် အဓိကကူးစက်မြန်ရောဂါကြီးများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဖြစ်ပွားပါက အခြားကမ္ဘာ့နိုင်ငံများနည်းတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ သတင်းပေးပို့ရသောရောဂါဖြစ်ကြောင်း၊ မိုးရာသီဖြစ်သဖြင့် ခြင် ကျား ပေါက်ပွားရာနေရာများ များပြားလာခြင်း၊ ခြင်ကျားခိုအောင်းရန် ခြုံနွယ်ပိတ်ပေါင်းများထူထပ်လာခြင်းတို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု များပြားလာမည်ဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ကလေးများတွင်သာမက အသက်အရွယ်မရွေးဖြစ်ပွားနိုင်သဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စီမံချက် အသွင်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ပပျောက်စေရေး၊ သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို မိမိတို့ဌာနအနေဖြင့် ယခင်ထက်ပို၍ အရှိန်အဟုန်မြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း နှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ အုပ်စုများခွဲ၍ ဇူလိုင်၂၂ရက်နေ့မှစ၍ ရက်သတ္တပတ် ၁၀ရက်ကြာ ရပ်ကွက်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန် ၊ လဲ ၊ စစ်များ ကွင်းဆင်းဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၁)ဗိုလ်မှူး ဖြိုးဝေလင်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း၊ သက်ဆိုင်ရာ ကျန်းမာရေး၀န်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)