ရန်ကုန်၊ ဇူလိုင် ၂၂
မန္တလေးမြို့တွင် NDF ပါတီတာဝန်ရှိသူများ လုပ်ဆောင်ခဲ့သော အာဇာနည်နေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအသုံးပြုခဲ့ခြင်းအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ က ထုတ်ပြန်ကြေငြာချက်မှတ် (၁ / ၂၀၂၅) ဖြင့် သတိပေးထားသည်။
၎င်းတို့၏ ထုတ်ပြန်ချက်တွင်
၁။ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီသည် မိမိတို့ကိုယ်ပိုင်နိုင်ငံရေး ၊ ကိုယ်ပိုင် မူဝါဒတို့ဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွက် အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထား၍ နိုင်ငံတော်တည်ဆောက်ရေးအတွက် အပြန်အလှန်ထိမ်းကျောင်းသည့် နိုင်ငံရေးယဉ်ကျေးမှု ထွန်းကားစေရန် တည်ထောင်ထားသောပါတီဖြစ်ပါသည်။
၂။ ၂၀၂၅ ခုနှစ် အာဇာနည်နေ့တွင် မန္တလေးတိုင်းဒေသကြီး စည်းရုံးရေးကော်မတီ၏ သတင်းပြန်ကြားရေး အဖွဲ့မှ ဦးမြင့်ဦး ၏ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြသည့် အာဇာနည်နေ့ အခမ်းအနားကျင်းပသည့် မှတ်တမ်းဓာတ်ပုံများနှင့်ပတ်သက်၍ ပါတီဝင်များနှင့် ပါတီထောက်ခံသူများအကြား အထင်အမြင်လွဲမှားမှုများဖြစ်ပေါ်နေကြောင်း ကြားသိရပါသည်။
၃။ အပိုဒ် (၂) ပါ ဆောင်ရွက်ချက်များသည် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ တင်ပြ ခြင်းမရှိဘဲ ဆောင်ရွက်ထားကြောင်းတွေ့ရှိရသဖြင့် ပါတီ၏ ဗဟိုအလုပ်ကော်မတီက စည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ လွှဲအပ်၍ စုံစမ်းစစ်ဆေးမှုများဖြင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ သို့ပြန်လည်တင်ပြရန် ညွှန်ကြားထားပြီးဖြစ်ပါသည်။
၄။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် စည်းရုံးရေးကော်မတီများအနေဖြင့် မိမိတို့၏ စည်းရုံးရေးနယ်မြေများတွင် ပါတီမူဝါဒနှင့်အညီ လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်နိုင်ကြပါကြောင်းနှင့် ထူးခြားဖြစ်စဉ်များအတွက် ဗဟိုအလုပ်ကော်မတီမှတဆင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီသို့ တင်ပြညှိနှိုင်းဆောင်ရွက်နိုင်ကြပါရန် အသိပေးထုတ်ပြန် ထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment